မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ပါကစ္စတန်နိုင်ငံ သမ္မတ မစ္စတာဇာဒါရီဟာ မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်လာဖို့ ရှိပါတယ်။
မစ္စတာဇာဒါရီဟာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ နေပြည်တော်ကနေ ရန်ကုန်မြို့ကို သီးသန့် သွားရောက် လိမ့်မယ်လို့လည်း ပါကစ္စတန် အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း မြန်မာနိုင်ငံကို လာမယ့်မေလမှာ သွားရောက် လည်ပတ်မှာ ဖြစ်ကြောင်း အိန္ဒိယ အစိုးရ သတင်းရပ်ကွက်ကနေ သိရပါတယ်။ အိန္ဒိယ ၀န်ကြီးချုပ်ဟာ မြန်မာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော် နိုင်ငံများ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။ တနင်္ဂနွေနေ့က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ နယူးဒေလီမြို့ကို ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ မေလ ၁၀ ရက်က ၁၂ ရက်ထိ လည်ပတ်မယ့် အိန္ဒိယ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် နိုင်ငံခြားရေး ၀န်ကြီး အက်စ်အမ် ခရီစ္စနာနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတွေမှာ ပိုမိုတိုးမြင့်ရန် လိုအပ်ကြောင်း ဒုတိယ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နဲ့ အိန္ဒိယ ပြည်ထဲရေး အတွင်းရေးမှူး အာရ်ကေတို့က ပြီးခဲ့တဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းဝေးမှာ ထပ်မံ ပြောဆိုခဲ့ကြပါတယ်။Slider
Recent Tube
Wisata
News Scroll
Favourite
Event
Culture
Gallery
BitterDream/Burmese's Admin
We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
Labels
- ကဗျာ (6)
- ကမ္ဘာ့သတင်း (6)
- ကွန်ပျူတာ (1)
- ဒီမိုကရေစီ (2)
- ဓါတ်ပုံ (3)
- နည်းပညာ (9)
- ဗွီဒီယို (10)
- ဗဟုသုတ (6)
- ပြည်တွင်းသတင်း (47)
- သမိုင်းနှင့်ယဉ်ကျေးမှု (15)
- သီချင်း (5)
- ဟာသများ (1)
- အက်စ်ဝိုင်စီဘီ (13)
- အင်တာပျူး (2)
- အိုင်ဒီဒီဒီအာရ်ဒီ (36)
- ဥပဒေ (3)
- ဆော့ဝဲ (19)
- ဆောင်းပါး (6)
- အေကေအက်စ်ဝိုင်ယူ (8)
Popular Posts
-
ရေးသားသူ - ပါးရယ် မြန်မာအစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် ခုခံတော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်တဲ့ ကရင်နီအမျ...
-
ဇွန်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိထားသူ လူမျိုးနေရာ...
-
ဒီအဖြစ်အပျက်ရေးထားပေးတာကျေးဇူးတင်ပါတယ်၊ စိတ်ဝင်စားဖို့ ကောင်းတယ် ဒါပေမဲ့ ချိုလင်းပြာဆိုက်မှာ Font အားလုံးဖတ်လို့ မရလို့ ။ http://www.choeli...
-
ဇူလိုင်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ) ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ ၀ါးစိုးရွာအနီး ရှဲလိုဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံ...
-
2012-07-01 မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကြီးမားလာနေတာဟာ လက်ရှိ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ပြု...
-
ခိုင်မာသည့် အသည်းပုံ အကြင်နာ အမြူတေသစ် ဖြစ်ပေါ်လာရေး။ ဖြစ်ပေါ်လာသည့် အသည်းပုံ အကြင်နာ အမြူတေသစ်နှင့် အညီ ခေတ်မီ တိုးတက် လှပသော တူနှစ်ကိုယ် တို...
-
Burma Campaign UK (BCUK) အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စအပေါ် ထောက်ခံပါသည်။ Burma Campaign UK အဖွဲ့က ဤသဘောကို ထုတ်ဖော်ပြောဆို...
-
မိမိတို့ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် နိုင်ငံမဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေကို လက်ခံ နေထိုင်ခွင့် ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု တာဝန်ပီ...