Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

17_oct_Voice weekly


17_oct_Voice weekly -

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို ဒီလို

နံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .

A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။



၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၎။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်

၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .
စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

မဖြစ်နိုင်တာတွေ မမေးပါနဲ့

ကမ္ဘာကျော် apple ကွန်ပြူတာ ကုမ္ပဏီကြီးက ကွန်ပြူတာ အမျိုးအစားသစ်
တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်သည်၊ အဆိုပါ ကွန်ပြူတာတွင်
အနာဂတ်ကို မှန်ကန်စွာ ပြောပြနိုင်သော ပရိုဂရမ် ထည့်သွင်းထားပြီး
အနာဂတ်တွင် ဘာဖြစ်မည်ကို တိတိကျကျ အဖြေထုတ်ပေးသည်။ ထို့ကြောင့်
ထိုကွန်ပြူတာကို လူထုရှေ့တွင် ချပြပြီး အရောင်းမြှင့်တင်ရေး အတွက်
လူထုထဲမှ စိတ်ကြိုက်မေးခွန်းများကို မေးခွင့်ပြုလိုက်သည်။

အင်္ဂလန် နိုင်ငံ လီဗာပူး အသင်းမှ ဂျာရတ် ၀င်ထိုင်ပြီး ကီးဘုတ်မှ
မေးခွန်းရိုက်ထည့်လိုက်သည်။

"
လီဗာပူး အသင်း ဘယ်အချိန်တွင် ကမ္ဘာ့ကလပ် ချန်ပီယံဆုကို ရနိုင်မည်နည်း"

ပရိုဂရမ် ၀ီး ... ကနဲ run သည်။ အဖြေ ချက်ချင်းပေါ်လာသဖြင့် ပရိဿတ်
သဘောကျသွားသည်။ အဖြေမှာ - "နောက် ၁၀ နှစ်အကြာ ... " ဟုရေးထားသည်။ ဂျာရတ်
ခေါင်းငိုက်စိုက်ဖြင့် ထွက်သွားသည်။ နောင် ၁၀နှစ်တွင်
သူဘောလုံးဆက်ကစားနိုင်တော့မည် မဟုတ် ...။

ကိုရီးယား ဘောလုံးသမား ပတ်ဂျီဆန် ၀င်ထိုင်ပြီး မေးခွန်းရိုက်ထည့်သည်။

"
တောင်ကိုရီးယား အသင်း ဘယ်အချိန်တွင် ကမ္ဘာ့ဖလား ရနိုင်မည်နည်း"

ပရိုဂရမ် ၀ီး ... ကနဲ run ပြန်သည်။ အနည်းငယ် အချိန်ကြာပြီး အဖြေပေါ်လာသည်။

"
နောင် နှစ် ၁၀၀ အကြာ ..." ပတ်ဂျီဆန် ခေါင်းငိုက်စိုက် ကျသွားသည်။ နောင်
နှစ် ၁၀၀တွင် သူလူ့လောကကြီးတွင် ရှိတော့မည်မဟုတ် ...။

လူအုပ်ထဲမှ ၃နှစ်သားအရွယ် မြန်မာ ကလေးငယ် တစ်ဦးထွက်လာသည်။
စာမတတ်သေးသဖြင့် ကီးဘုတ်ကို တာဝန်ခံမှ ၀င်ရိုက်ပေးရသည်။ ကလေးငယ် ၏
မေးခွန်းမှာ

"
သားတို့ မြန်မာ ဘောလုံးအသင်း အရှေ့တောင်အာရှ အဆင့်တွင် ချန်ပီယံ ဘယ်တော့
ဖြစ်နိုင်မည်နည်း"

ပရိုဂရမ် run ပြန်သည်။ အချိန်အတော်ကြာသည်။ ပရိဿတ်လည်း စိတ်ဝင်စားစွာ
စောင့်ကြည့်နေသည်။ ကွန်ပြူတာမှ မီးခိုးများ အူထွက်လာသည်။ ပရိဿတ် ဘေးကို
ရှဲသွားသည်။ ထို့နောက် ၀ုန်း ဆိုသောအသံကြီးနှင့်အတူ ကွန်ပြူတာ
ပေါက်ကွဲသွားသည် ... တာဝန်ခံ အပြေးအလွှား ကွန်ပြူတာအသစ်တစ်လုံး
လာရောက်လဲလှယ်ပေးသည်။ သို့သော် ရှေ့တွင် စာတမ်းတစ်ခုတော့ ချပေးသွားသည်
...

"
အနာဂတ်ကို မှန်ကန်စွာ ဟောပြောနိုင်သော ကွန်ပြူတာကို မည်သူမဆို
စမ်းသပ်မေးမြန်းခွင့်ပြုသည်။ သို့သော် မဖြစ်နိုင်သော မေးခွန်းများကို
မမေးပါနှင့် ...


ခေါင်းဆောင် မတင်ထိုက်သူများ

ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။

၁။ ဂဏန်း = လက်မထောင်ခြင်း

၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း

၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။-- >>>>>>



၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က
ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြောအေးလုပ်လိုက်ဆိုတာချည်းပဲ။ အဲဒိလို လူမျိုးဆရာတင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါးလောက်မှောက်ရော။

၃။ ၀ါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကေကာင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆ၇ာတစ်ယောက်အနေဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး နဲ့တဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုးခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြိးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့

မယ်၊ ငါပြီးမှ ပြီးမယ်ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထဲ့မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ကောင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် ခေါင်းဆောင်အင်္ဂါနဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။

လိင်ဈေးတန်းမှာ နင်းခြေခံလိုက်ရတဲ့ပန်းကလေး (အေးအေးမာ)

ဒီအဖြစ်အပျက်ရေးထားပေးတာကျေးဇူးတင်ပါတယ်၊ စိတ်ဝင်စားဖို့ ကောင်းတယ် ဒါပေမဲ့ ချိုလင်းပြာဆိုက်မှာ Font အားလုံးဖတ်လို့ မရလို့ ။ http://www.choelinpyar.com/article/content/11/%E1%80%9B%E1%80%9E%E1%80%85%E1%80%AC%E1%80%85%E1%80%AF ပြန်ကူးပြီး ကျမဘလော့မှာ post လုပ်ထားတာပါ။


နအဖက ဖွဲ့စည်းပေးထားခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီကနေ ထိုင်း - မြန်မာနယ်စပ်ကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေနဲ့ ပတ်သက်ပြီး ပညာပေး ဇာတ်လမ်းတစ်ခုကို ဇူလိုင် (3) ရက်နေ့က မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်ပြသခဲ့ရာမှာ အတော်ကို သဘာဝတရားနဲ့ ယုတ္တိ နည်းပါးလွန်းတယ်လို့ ဝေဖန်စရာတွေ ဖြစ်ပေါ်လာပါတယ်။

သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀

သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။

သို့ရာတွင် သူတပါးကို ဝေဖန်သည့်အခါ အပြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတတ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အကဲဖြတ်ရာတွင် အမှတ်ပေးစနစ်ကို အသုံးပြုရန် လိုသည်။ ယခုအခါ အလှမယ်ရွေးပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ လူရွေးပွဲ၊ စာပေပြိုင်ပွဲ စသည်တို့တွင် အကဲဖြတ်များထား၍ ထိုအကဲဖြတ်များက ကောင်းခြင်း၊ စိတ်ကျေနပ်မှုရခြင်းတို့ကို သီးခြားအမှတ်ပေး၍ ဆန္ဒပြုကြရပေသည်။ အမှတ်ပေးရန် စံများကိုလည်း ဦးစွာ ညှိနှိုင်းရေးဆွဲ၍ ထိုစံအတိုင်း အကဲဖြတ် အမှတ်ပေးလေ့ ရှိကြသည်။

ထိုနည်းတူ မိမိကိုယ်ကို မိမိ စိစစ်အမှတ်ပေးရန်အတွက် စံများ သို့မဟုတ်-ကောင်းခြင်းလက္ခဏာများကို သတ်မှတ်ရွေးချယ်၍ ထိုအချက်များပေါ်တွင် အမှတ်ပေးကြည့်လျှင် ပို၍တိကျစွာ သိရှိအကဲဖြတ်နိုင်မည် ဖြစ်ပေသည်။ သို့ရာတွင် အမှန်အကန် အမှတ်ပေးရန်ကား လိုမည်ဖြစ်ပေသည်။
မိမိကုယ်ကိုယ်နှင့်ပတ်သက်၍ စိစစ်သုံးသပ်ရန် အချက်များကို အောက်ပါအတိုင်း သတ်မှတ်ကြည့်ပြီး အမှတ်ပေးကြပါစို့။ သင့်ကိုယ်သင် အမှတ်ပေး၇န်ပင် ဖြစ်သည်။ အကဲဖြတ်ရန် စံများမျာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ သင်သည် နံနက်စောစော ထတတ်သူလော
၂။ နေ့စဉ် သင့်အလုပ်ကို အစီအစဉ်ဆွဲ၍ လုပ်ကိုင်ပါသလော
၃။ အလုပ်ကို တခြားအရာများထက် ဦးစားပေးပါသလော
၎။ အလုပ်လုပ်ရမည်ဆိုလျှင် ချက်ချင်း စိတ်တက်ကြွမှု ရှိပါသလော
၅။ အလုပ်ကို ဆိုင်းတွ၍မရ၊ မလွှဲမရှောင်သာမှ လုပ်တတ်ပါသလော
၆။ အလုပ်မှန်က ငွေရသည့်အလုပ်ကိုသာ လုပ်လိုပါသလော
၇။ သင့်မှာ ဇွဲလုံ့လ ရှိပါသလော
၈။ မိမိလုပ်ရမည့်အလုပ်ကို စိတ်ပါဝင်စားအောင် ကြိုးစားစိတ်သွင်းပါသလော
၉။ သင့်မှာ မကောင်းတတ်၍ လုပ်ရသောအလုပ်မျိုး ရှိပါသလော
၁၀။ သင်လုပ်မည့်အလုပ်အတွက် အကျိုးအပြစ်ကို ကြိုတင်တွက်ဆမိပါသလော
၁၁။ သင် အချိန်ကို အလေးထားပါသလော
၁၂။ ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားသောအချိန်မျိုး ရှိပါသလော
၁၃။ သင် တနေ့၊ တလ ကုန်တိုင်း ဘာလုပ်ခဲ့သည်၊ ဘာဖြစ်လာသည်ကို စိစစ်ဖူးပါသလော
၁၄။ သင် စေးနှဲခြင်းနှင့် ချွေတာခြင်းကို ခွဲခြားနားလည်ပါသလော
၁၅။ သင် ချွေတာမိသည့်အတွက် စိတ်မကောင်း ဖြစ်မိပါသလော
၁၆။ သင် မသုံးစွဲသင့်သော နေရာတွင် မသုံးဘဲ နေနိုင်ပါသလော
၁၇။ သင် ပိုက်ဆံတပြားမှ မကုန်ကျသောနေ့ ရှိဖူးပါသလော
၁၈။ သင်၏အိမ်ထောင်အတွက် ရသုံးငွေစာရင်း ထားရှိပါသလော
၁၉။ သင် ဝယ်ယူထားသည့် ပစ္စည်းကို သုံးမရသည်အထိ အသုံးပြုပါသလော
၂၀။ အရာရာကိုမြင်လျှင် လိုချင်တပ်မက်မှု ရှိပါသလော
၂၁။ သင်၏အလိုကို ဖျောက်ဖျက်၊ ချုပ်တီး၍ရခဲ့သော အတွေ့အကြုံ ရှိပါသလော
၂၂။ သင့်မှာ မိတ်ဆွေကောင်းဟု သတ်မှတ်နိုင်သူ ရှိပါသလော
၂၃။ သင့်မိတ်ဆွေကို အမှတ်တရ ကူညီဖူးပါသလော
၂၄။ သင် တခြားသူကို အကူအညီမတောင်းဘဲ နေဖူးပါသလော
၂၅။ သင့်မှာ ကိုယ်ချင်းစာမှု၊ စာနာမှု ရှိပါသလော
၂၆။ သင် သူတပါးကို အပြစ်တင်ဖူးပါသလော
၂၇။ သင့်ကိုသင်ရော အပြစ်တင်မိပါသလော
၂၈။ သင့်စိတ်ထဲက နောင်တရမိပါသလော
၂၉။ သင့်ကိုသင် ငါမှာသွားပြီဟု သတိရဖူးပါသလော
၃၀။ သင့်မှာ ရောင်ရဲမှု ရှိပါသလော
၃၁။ သင် သည်းခံတတ်သူဖြစ်ပါသလော
၃၂။ သင် ရုတ်တရက် ဒေါသထွက်တတ်ပါသလော
၃၃။ သူတပါး ဝတ်စားနေသည်ကို မနာလို ဖြစ်မိပါသလော
၃၄။ သင် ရန်ငြိုးထားသောသူ ရှိပါသလော
၃၅။ သင် သူတပါးကို သင်္ကာမကင်း ဖြစ်မိပါသလော
၃၆။ သင် ယုံမှတ်မှုကြောင့် အကျိုးယုတ်ခဲ့ဖူးပါသလော
၃၇။ သင် မယုံကြည်မီ စဉ်းစားဝေဖန်ခဲ့ဖူးပါသလော
၃၈။ သင့်ကို လူတိုင်း ယုံကြည်ကြမည်ဟု မှတ်ထင်ပါသလော
၃၉။ အရာရာတွင် သင်မှန်သည်ဟု မျက်စိမှိတ် ယုံကြည်ပါသလော
၄၀။ သူတပါး အပြစ်ထောက်ပြလျှင် စိတ်ဆိုးတတ်ပါသလော
၄၁။ သင် ချီးမွမ်းခံချင်ပါသလော
၄၂။ သင် အမြှောက်ကြိုက်ပါသလော
၄၃။ သင် စိတ်တိုတတ်ပါသလော
၄၄။ သူတပါး အကူအညီမပေးလျှင် စိတ်နာကြည်းတတ်ပါသလော
၄၅။ သင် စိတ်ဓာတ်ကျဖူးပါသလော
၄၆။ လူတိုင်းကို သင့်အလိုကျ ဖြစ်စေပါသလော
၄၇။ လောကတွင် ဖြစ်နိုင်သောအရာ၊ မဖြစ်နိုင်သောအရာကို သိနားလည်ပါသလော
၄၈။ သင့်ကို ဘယ်နေရာတွင် အပြစ်တင်ကြသည်ကို သိပါသလော
၄၉။ သင် ရက်ချိန်းကတိ တည်ပါသလော
၅၀။ သင် ကြွေးထူဖူးပါသလော
၅၁။ သင်ကိုယ်တိုင် မတတ်နိုင်သည့်အခါမှ အကူအညီတောင်းပါသလော
၅၂။ သူတပါးထံမှ အလကားရဖို့ကိုသာ မျှော်လင့်မိပါသလော
၅၃။ သင့်မှာ မဟုတ်မခံစိတ် ရှိပါသလော
၅၄။ သင် သူတပါးကို မျက်စိမှိတ်၍ အပြစ်တင်တတ်ပါသလော
၅၅။ သင် စိတ်ကူးထုတ်ဖူးပါသလော
၅၆။ သင် သူတပါးကို ဝေဖန်တတ်ပါသလော
၅၇။ သငက် သူတပါးကို အကြံပေးရန် ဝါသနာပါသလော
၅၈။ သင့်ဝါသနာလုပ်ငန်းမှ ဝင်ငွေရရှိဖူးပါသလော
၅၉။ သင် သူများတကာထက် ထူးချွန်လိုစိတ် ရှိပါသလော
၆၀။ သင့်မှာ သူတပါးထက်သာသည့် အရည်အသွေးရှိသည်ဟု ထင်မြင်ပါသလော
၆၁။ သင် ပတ်ဝန်းကျင်နှင့် သင့်တင့်ပါသလော
၆၂။ သင် သူတပါးကို ထိထိရောက်ရောက် ကူညီဖူးပါသလော
၆၃။ သင့်ကို ကျေးဇူးမတင်၍ စိတ်ကွက်ဖူးပါသလော
၆၄။ သင့်ကျန်းမာရေးကို သင် ဂရုစိုက်ပါသလော
၆၅။ သင့်အစားအစာတွင် အာဟာရဓာတ် ပါ-မပါ စိစစ်ကြည့်ဖူးပါသလော
၆၆။ သင် နာမကျန်းဖြစ်လျှင် ဆေးဖိုးနှမြောတတ်ပါသလော
၆၇။ သင် ကျန်းမာရေးလေ့ကျင့်ခန်း တခုခု ပြုလုပ်ဖူးပါသလော
၆၈။ သင် မတည့်သောအစာကို ငန်းငန်းတက် မက်မောပါသလော
၆၉။ သင် ဆေးလိပ်၊ အရက် သောက်ပါသလော
၇၀။ သင်၏ဝင်ငွေကို အလဟဿ ဖြုန်းတီးဖူးပါသလော
၇၁။ သင် မလုပ်ရရင် မနေနိုင်လောက်အောင် စွဲနေသည့် ဆန္ဒ တခုခုရှိပါသလော
၇၂။ သင် စာဖတ်ဝါသနာပါသလော
၇၃။ သင် စာအုပ်ကောင်းကို ခွမြင်တတ်သောအကျင့် ရှိပါသလော
၇၄။ သင့်မိသားစုကို ဒုက္ခပေးဖူးပါသလော
၇၅။ သင် လူတော်လူကောင်းအဖြစ် ဂုဏ်ယူလိုပါသလော
၇၆။ သင် ဘာသာတခုခုကို ယုံယုံကြည်ကြည် ကိုးကွယ်ပါသလော
၇၇။ သင် ယုံကြည်မှုမရှိဘဲ လုပ်ကိုင်နေဖူးပါသလော
၇၈။ သင်၏စာရိတ္တကို တန်ဖိုးထားပါသလော
၇၉။ သင် လူမသိသောပြစ်မှု တခုခု ကျူးလွန်ဖူးပါသလော
၈၀။ သင် အမှားကို ဝန်ခံရန် ဝန်လေးပါသလော
၈၁။ သင် မသိပါဟု အမှန်ကို ပြောရဲပါသလော
၈၂။ သင် မကောင်းမှုပြုလုပ်ရန် ဝန်လေးပါသလော
၈၃။ သူတပါး စိတ်မချမ်းသာအောင် သင်လုပ်ဖူးပါသလော
၈၄။ သင် သူတပါးကို ကောင်းရာကောင်းကြောင်း တိုက်တွန်းခဲ့ဖူးပါသလော
၈၅။ သင့်မှာ စွဲပိုက်လိုက်နာသော ဆောင်ပုဒ်ရှိပါသလော
၈၆။ သင် ကောင်းမှုတွင် ဝါသနာပါသလော
၈၇။ သင် သူတပါးကို မကောင်းကြံခဲ့ဖူးပါသလော
၈၈။ သင် စံနမူနာယူသော ပုဂ္ဂိုလ်တဦးတယောက် ရှိပါသလော
၈၉။ သင် မိုက်မှား၍ ဆုံးမသည်ကို လိုလိုချင်ချင် လက်ခံတတ်ပါသလော
၉၀။ သင့်ကိုယ်သင် အပြစ်ရှာကြံ တင်ဖူးပါသလော
၉၁။ သင် ဗဟုသုတ ရှာဖွေဆည်းပူးပါသလော
၉၂။ သင် သူတပါးကို ဆရာတင်ရသည်ကို ဂုဏ်ငယ်သည်ဟု မှတ်ယူပါသလော
၉၃။ သင် မဆင်မခြင် အားတနာတတ်ပါသလော
၉၄။ သင် ဆတ်ဆတ်ထိမခံ စိတ်တိုတတ်ပါသလော
၉၅။ ဘဝပန်းတိုင် ဦးတည်ချက် ရှိပါသလော
၉၆။ သင် နေ့တိုင်း အကျိုးအမြတ် တခုခုရအောင် ကြံဆောင်ပါသလော
၉၇။ သင် မဆင်ခြင်ဘဲ သူတပါးကို အတုယူတတ်ပါသလော
၉၈။ သင် ဖြီးဖြန်းည“လိမ်ညာတတ်ပါသလောဒ
၉၉။ သင် သတိမေ့လျော့တတ်ပါသလော
၁၀၀။ သင့်ရည်မှန်းချက်များကို ဆောင်ရွက်ပြီးပြီလော

မေးစရာမေးခွန်းများကား များပြားလှပေသည်။ ဤမေးခွန်းများကို ပရိသတ်အလယ်တွင် ဖြေနိုင်သည်လည်း ရှိမည်၊ မည်သူမျှ မကြားအောင် ကိုယ့်စိတ်ထဲက ကိုယ်တယောက်တည်းသာသိအောင် ဖြေလိုသည်မျာလည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ သင့်ကိုယ်သင် စစ်တမ်းထုတ်ခြင်းဖြစ်၍ ရဲရဲရင့်ရင့် ဖြေဆိုသင့်ပေသည်။

တချို့မေးခွန်းကို ဟုတ်ကဲ့-ဟူ၍၄င်း၊ တချို့မေးခွန်းကို ဟင့်အင်ဒ-ဟူ၍၄င်း၊ ဖြေဆိုရပေလိမ့်မည်။ မည်သည့်အဖြေသည် လိုလားဖွယ်ဖြစ်သည်ကိုလည်း သင်သိရှိထားရပေမည်။ လိုလားဖွယ်၊ အကျိုးရှိဖွယ်ကို သင်ခွဲခြားနိုင်ပေမည်။ ဤမေးခွန်းများကို ဟုတ်တိုင်းမှန်ရာ ဖြေကြည့်ပြီးသောအခါ အော်---ငါ့မှာ ဘာတွေ ချွတ်ယွင်းနေပါကလား၊ ဘယ်နေရာမှာ ပြည့်စုံပြီး၊ ဘယ်နေရာမှာ ချို့တဲ့နေပါကလား၊ ငါ ဘယ်လောက်ပြုပြင် ဖြည့်ဆည်းဖို့ လိုနေပါသေးသလဲ-ဟု ကွက်ကွက်ကွင်းကွင်း သိမြင်လာမည် ဖြစ်ပေသည်။

မလိုအပ်သော ပြစ်ချက်များရှိနေမည်ဆိုလျှင် ရှောင်ရှားရန် ကြိုးစားရပေလိမ့်မည်။ ငါ လူကောင်းလား၊ လူညံ့လား၊ လူယုတ်မာလား၊ သူတော်ကောင်းလား၊ ဆိုသည်ကို အမှုမဲ့ အမှတ်မဲ့နေ၍ မသိနိုင်ပေ။ သေသေချာချာ မေးခွန်းထုတ်၍ အမှန်ကို ကြိုးစားအဖြေထုတ်ကြည့်မှ ရုပ်လုံးပေါ် သိမြင်လာပေမည်။ ငါ ဘာတွေတော်သည်၊ ဘာတွေ ရှော်သည်၊ ဘာတွေ ကောင်းသည်၊ ဘာတွေ ဆိုးသည်-တို့ကို ကွဲကွဲပြားပြား သိရပေမည်။ သာမန်အားဖြင့် စဉ်းစားလျှင် ငါ ကောင်းသားပဲ၊ ငါ အဆိုးကြီး မဟုတ်ပါဘူး-ဟု ထင်မှတ်မိမည်သာ ဖြစ်ပေသည်။

အလွန်ကျန်းမာနေသည်ဟု ထင်ရသောလူတယောက်ကို ဆေးစစ်ကြည့်သောအခါတွင် ဆီးတွင် ယူရစ်အက်ဆစ်များနေသည်၊ သွေးခုန်နှုန်း မြင့်နေသည်၊ နှလု့းသွေးကြော ကျဉ်းနေသည်၊ အရိုးခြင်ဆီဓာတ် ခန်းခြောက်နေသည်၊ မျက်စိ မှုန်ဝါးနေသည်၊ နားအကြားအာရုံ နည်းနေသည်၊ အသည်းတွင် အဆီဖုံးနေသည်၊ နံရိုးတချောင်း အက်နေသည် စသည်ဖြင့် အပြစ်အနာအဆာများကို တန်းစီတွေ့မြင်ရတော့ သည်။ အိပ်ရာထဲ လဲနေလောက်အောင် ထူးထူးထွေထွေ ခံစားမှုဝေဒနာ မပေါ်သေးသော်လည်း ပေါ့ပေါ့ဆဆ မပြုပြင် မကုသဘဲ နေခဲ့သော် မရှုမလှခံစားရမည့် အလားအလာရှိနေပြီဟု ဆိုရတော့မည် ဖြစ်ပေသည်။

လူတရာလျှင် ၉၉-ယောက်က ကျွန်တော် လူတော်၊ လူကောင်း၊-ဟု မိမိကိုယ်ကို မိမိ သိနားလည် မှတ်ယူနေမည်သာ ဖြစ်ပေသည်။ သေသေချာချာ စစ်တမ်းထုတ်ကြည့်လျှင် သူလိုငါလို အပြစ်အနာအဆာကလေးမျှမက မချို့တဲ့သင့်သော အချက်များ ချို့တဲ့ပြီး၊ မဖြစ်ပွားသင့်သော အရာများ ဖြစ်ပွားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်ပေသည်။ ထိုအခါမှ ကျွန်တော် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး-ဟူ၍ မှတ်ချက်ချမိပေမည်။

ဥပမာ-လုံ့လဝီရိယ မရှိခြင်း၊ မိမိကိုယ်ကိုမိမိ ထင်တလုံးနှင့် ကျေနပ်နေခြင်း၊ ဘယ်အခါမျှ နောင်တ မရတတ်ခြင်း၊ စသည့် ချို့တဲ့ချက်များက လူတလုံး သူတလုံး ဖြစ်ထွန်းရေးကို အမြစ်မှ လှန်ချိုးပစ်မည့် အပြစ်များဖြစ်၍ မည်သည့်နည်းနှင့်မျှ လူကောင်းဖြစ်မလာနိုင်ပေ။ ပြစ်မှုတရာရှိနေမှ အပြစ်ရှိသူ မဟုတ်ပေ၊ အားလုံးသော မေးခွန်းများကို ချွင်းချွက်မရှိ မလိုလားအပ်သည့် အဖြေမျိုးချည်း ပေးနေမည်ဆိုပါက လူ့လောကတွင်ပင် အသက်ရှင် နေထိုက်တော့မည် မဟုတ်ပေ။

အများအားဖြင့် လူများသည် အလုံးစုံ အဆိုးချည်း ဖြစ်မည်မဟုတ်ပေ၊ အမေးရှိမှ အဖြေရီသည်ဖြစ်၍ ဖြေကြည့်မှလည်း အဖြေကို သိရလိမ့်မည် ဖြစ်ပေသည်။

ငါ့ကိုယ်ငါ ဟုတ်လှပြီ ထင်နေတာ၊ စိစစ်ကြည့်တော့မှ မဟုတ်သေးတာကို တွေ့လာရတယ်-ဟူ၍ စဉ်းစားမိနိုင်ပေသည်။ ရာနှုန်းပြည့် လူတော်လူကောင်း မဖြစ်ခဲ့သည့်အတွက် စိတ်ပျက်စရာ မလိုပေ။ ယခု စိစစ်ကြည့်၍ ပြုပြင်သင့်သည်ကို ပြုပြင်ရမည်ဖြစ်သည်။ မနေ့က ငါ လူညံ့ဖြစ်ခဲ့ပြီ၊ နက်ဖြန်တွင် လူတော်ဖြစ်ရမည်-ဟူသော စိတ်မျိုးထား၍ ပြုပြင်ဖြည့်ဆည်းရမည် ဖြစ်ပေသည်။

လှသမိန်