Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

» » မြတ်နိုးစွာတင်စားခြင်း..

ပျက်သုန်းချိန်
နှလုံးအိမ် ရေပွက်ပမာ
ဆူပွက်အောင်.သင်ပြုစားနိုင်
စုန်းကဝေ တွေတောင် မှ ဟိုးအရင်က
ရှေးထုံးတစ်ခုပေါ့..ညချိန်ခါပျော်စံမြူးတတ်တဲ့
လမိုက်ညသန်းခေါင်ချိန်မှာမီးလုံးဟန်ပြုတဲ့
သူအချစ် မောင်နှံတွေနဲ့ပေါ့..ဝေဟင်မှာ
နိုမ့်ချီ မြင့်ချီပျံဝဲကာမြုးတတ်တဲ့
အချိန်ဆို

ချိန်ခါလင့် တွေ့သူနဲ့
တိုးလို့ကာ မသက်သာ
နောက်ရက်မှာ ကြည့်မိသူ
အိမ်ရှေ့မှာ အန်ဖတ်ဖြူ တွေ့ရရင်ဖြင့်
အဲဒီသူ နောင်ရက်မကူး ရောဂါရယ်
တကယ်ထူး ဆေးဆရာပင် လက်မြှောက်ရသတဲ့
အဲဒီလို မကြာခင် ဘ၀ရယ်ပြောင်းခါသွားရင်
နောင်တသက်..သူလည်းပင် စွဲလန်းမူ့ တစ်ခုသက်သေပြု
ပြုစားသူလက်ချက်နဲ့ကဝေ(သို့မဟုတ်)စုန်းဖြစ်သတဲ့လေ
ဘာရယ်လို့
မဟုတ်ပေမဲ့ ဖတ်မိတဲ့
ရှေးပုရပုဒ်တစ်ခုကရင်ထဲမှာ
စွဲကျန်ခဲ့ပြီ.

အကျွန်ုပ်ပင်လျှင်
ပြုစားခြင်းသံသရာမှာ
တ၀ဲလည်လည် စားမနိုင်အိပ်မရတဲ့
ဒီရက်တွေမှာ ပြုစားခံခဲ့ပါ၏
သို့ပင်မို့ သင့်အား
ကျွန်ုပ်တင်စားလိုက်မည်
ခေတ်သစ်ကဝေ
စုန်းဘုရင်လို့

«
Next
Newer Post
»
Previous
Older Post