မဝေးသေးတဲ့ အတိတ်တွေးဆွေးလို့ ငေး မိပါတယ်ကြည်နှုးခဲ့ အရိပ်များဘယ်စကား နဲ့ ပြောရမယ် မသိခဲ့..ညနေ့ တွေ ပြောင်းလဲခဲ့ပြီဟောင်းသွား ပြီလို့ ကိုယ်မထင်အလွမ်း ရင့်ရင့်အရောင် များ နဲ့အကောင်း စား ၀တ္ထု တစ်ပုဒ်ကတော့ရွေးထုတ် လို့ ကျန်နေခဲ့ ပြီ …..ချစ်သူ ။ ။
အသိ နဲ့သိက္ခာ ပ၀ါ ပါးခြားထားတဲ့ စည်းတစ်ချပ် မို့မှားတယ်လို့ မဆိုလို ငိုမလိုလို မျက်နှာထား နဲ့
ပကာသန မိုးရေ တွေကြားလှိုင်း ရမ္မက် တွေတိုက်ခတ် သွား တော့……အချစ် တံတိုင်းလေးကျိုးကြသွား တာ မိုးတစ်ညမှာ ထားခဲ့ဖို့လား ……ချစ်သူရယ်.. နှလုံးသားခြင်း နီး လျှက်သိုင်းဖက် လို့ အထပ်ထပ် ချည်မြဲပြီလို့ကိုယ်ထင်ခဲ့ရင်ရုန်း ထွက်ဖို့သူပြင်သူအတွက်ကိုယ်အချစ် ဟာစာမတင်လောက်ခဲ့ပါဘူး အရာထင် ကျန်တာက နှလုံးသားတစ်ခုလုံး တိတ်တိတ်လေး အက်ခါသွားတာဆိုတာကိုတော့သိပါရဲ့ လားချစ်သူ...
