Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

» » ကဗျာတစ်ပုဒ် ၏ ကောက်ကြောင်း




ကဗျာတစ်ပုဒ်

ငါရဲ့ ရင် မှာဆွဲချိတ်ထားမယ်

လက်ဖျောက်တစ်ချက်တီးလိုက်တိုင်း

ကဗျာရေးဖို့ စိတ်ကူးတစ်ချက်ပွင့် ခဲ့တယ်

ကဗျာဖြစ်ဖို့

ကြယ်တွေ ကိုလည်း တင်စားချင်တယ်

လမင်းလေး နဲ့ ကမ္ဘာကြီးကို လည်း သက်သေပြုမယ်

အချစ် အမုန်း အလွမ်းတွေကို စာဖွဲ့  ကြည့်တယ်

နောက်ဆုံးအတွေး

ကဗျာရေးရင်း ငါဘ၀မှာ

ဆန်တစ်ပြည် ငွေတစ်ကျပ်နဲ့

ဖျာတစ်ချပ် ဖိနပ်တစ်ရံ သာကျန်စေအုံးတော့

နင်ရယ် ငါရယ် ကာရံ လေးရယ် အချိန်တိုင်းမှာ
ကဗျာဖြစ်ဖို့ ရှိနေပေးရင် ကျေနပ်ပြီ။

«
Next
Newer Post
»
Previous
Older Post