အဝေးဆုံး
တွေးထုံးတွေ လွေ့လွေ့ရယ်
ဟိုး..........မမြင်ရတဲ့
ကံကြမ္မာ အလည့်အပြောင်း.
ဘယ်သောခါ မှ မပြောင်းဘူးလို့
ဆိုနိုင်မှာလား သခင်..
တွေးမိတယ်..တစ်ခါတစ်လေပေါ့.
တစ်ယောက်ထဲ လွမ်းနေလို့ ..
ဖြစ်ပါ့မလားလို့....သူလိုကိုယ်လိုဆိုရင်တော့
အချိန်နဲ့ မေတ္တာတွေ ရင်းရကျိုးနပ်ပါတယ်လေ.
ဘေးချိတ်ထားမဲ့ အတွေးတွေကြား
ဘာပဲဖြစ်ဖြစ်ပေါ့လေ
အကြင်နာတွေ ရှိပါသေးပါလား..ဆိုတဲ့
အတွေးက တို့တွေများ ပေါင်းကူးတံတား လေး ပါလေ...