Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

» » အစိုးရတပ်နှင့် တိုက်ပွဲကြောင့် KIA ဗိုလ်တစ်ဦးနှင့် တပ်သား ၄ ဦးကျ

ကေအိုင်အေမှ မြန်မာစစ်တပ်က နှစ်ရှည် သိမ်းပိုက်ထားသော လဂျားယန် Lung Rawk စခန်း
မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ပေါင်းစုသည် ဗန်းမော်ခရိုင် နားလုံ ရာဘာခြံတွင် နှစ်ရက်ကြာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA တပ်ဖွဲ့မှ ဗိုလ်တစ်ဦးနှင့် တပ်သား ၄ ဦးကျဆုံးကာ ၇ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း လိုင်ဇာဗဟိုဌာနချူပ် အရာရှိတစ်ဦး ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချူပ် လိုင်ဇာအနီး လဂျားယန်ရှိ မြန်မာအစိုးရတပ် လုံရောက် (Lung Rawk) သို့ ရိက္ခာလာပို့သည့် မြန်မာအစိုးရစစ်တပ် ခမရ (၃၂၀) နှင့် (၃၈၃) စစ်ကြောင်းနှစ်ကြောင်းကို စစ်အင်အား ၁၅၀ ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့မှ ၁၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ရှေးတန်းသတင်းမှ သိရသည်။

“ကျနော်တို့ပြန်သွားကြည့်တယ်။ တချို့ကိုတော့ မြုပ်ထားတယ်။ တချို့က ဒီတိုင်း သေနေတာ။ ကျနော်တို့ ပြန်မြုပ်ပေးလိုက်တယ်။ အားလုံးပေါင်းရင် ၁၄ ယောက်ဟုတ်တယ်။ ဒဏ်ရာရတာလည်းပါတယ်” ဟု ရှေးတန်းမှတပ်သားတစ်ဦးပြောသည်။

၎င်းတိုက်ပွဲသည် ပြီးခဲ့သည့် ဇွန်လ ၂၈-၂၉ အတွင်း ဆက်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ယခုချိန်တွင် နှစ်ဖက်တပ်များ ပြန်လည်နေရာယူနေကြဆဲဖြစ်ကြောင်းဆက်ပြောသည်။

“မြန်မာအစိုးရတပ်များက ရိက္ခာလာပို့တာ။ ပစ်ခတ်ရင်း ဝင်သွားတယ်။ အားလုံးက မဝင်ဘူး။ တချို့က ဝင်သွားတယ်။ ခြေလျင်နဲ့ လာတာ။ အခုတော့ တိုက်ပွဲမဖြစ်တော့ဘူး။ အားလုံးပြန်သွားပြီ”
ထို့အပြင် ဇူလိုင် ၁ ရက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) အနီး ရိခူး (Yi Hku) နေရာတွင် KIA တပ်ရင်း ၃၆ မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရတပ်မှ ကျဆုံးမှုများရှိကြောင်း တပ်မဟာ (၄) အရာတဦးမှသိရသည်။

ကချင်ပြည်နယ်တွင်း KIO တပ်အခြေစိုက်ရာနေရာသို့ အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

အစိုးရနှင့် KIO သည် ငြိမ်းချမ်းရေးအတွက် ရှေးဦးစွာ ကချင်ပြည်နယ်ရှိ အစိုးရစစ်တပ်များဆုတ်ခွာပေးနိုင်ရန် နှစ်ဖက် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရှိသေးပေ။
http://burmese.kachinnews.com/news

«
Next
Newer Post
»
Previous
Older Post