Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

» » Windows 7 ထည့်သွင်းပုံကို ဒီမှာကြည့်ကြရအောင်။

STEP (1)
1. windows 7 dvd ခွေကို dvd rom ထဲ ထည့်ထားပါ။
2. ကွန်ပြူတာကို ရီစတတ် (Restart) လုပ်လိုက်ပါ။

3. POST (power on self test) ပေါ်လာချိန်မှာ ကီးဘုတ်ပေါ်က Delete ကီးကို ခေါက်ပေးပါ။ BIOS setup (basic input / output system ပေါ်လာစေဖို့ ဖြစ်ပါတယ်။ (BIOS အမျိုးအစားအလိုက် ပုံစံတွေကွဲပြားပါလိမ့်မယ်။ အလုပ်လုပ်ပုံကတော့ အတူတူပါဘဲ။) (BIOS setup ပေါ်လာဖို့အတွက် Delete key မဟုတ်ဘဲ F2, F12, Esc စသဖြင့်တွေလည်း ဖြစ်နိုင်ပါတယ်။)

4. First Boot ကို ဒီဗီဒီရွမ်ပြောင်းပြီး Exit လုပ်ပါ။ (Boot ကို ဖွင့်ပြီး First နေရာမှာ CD-Rom ပြောင်းပေးပါ။)
5. Press any key to boot from CD or DVD စာတန်း ပေါ်လာရင် Enter ခေါက်လိုက်ပါ။

6. Windows 7 ဖိုင်တွေကို ဆွဲတင် (loading) နေတာကို ခဏစောင့်ပါ။

7. စောင့်နေပါ။

8. ကိုယ့်စက်မှာ အသုံးပြုမယ့် Language , Time နဲ့ Currency format အပါအဝင် ကီးဘုတ် အမျိုးအစားကိုပါ ရွေးချယ်ပါ။

ပြီးရင် Next .. ကို ကလစ်ပါ။

9. Install Now ကို ကလစ်ပါ။

10. ခဏစောင့်ပါ။

11. I accept the license terms ကို အမှတ်ခြစ်ပြီး Next ကို ကလစ်ပါ။

12. Custom (Advanced) ကို ကလစ်လုပ်ပါ။

13. ဒီပုံမှာတော့ ၀င်းဒိုးစ်ဆဲဗင်းက တွေ့ရှိတဲ့ ဟာ့ဒစ်အပိုင်းတွေကို မြင်ရပါမယ်။ အောက်ဘက်နားက Drive options (advanced) ကို ကလစ်လုပ်ပါ။

14. Drive options (advanced) ကို ကလစ်လုပ်ပြီးတဲ့အခါ Delete, Format စသဖြင့် ရွေးချယ်စရာတွေ တွေ့ရပါမယ်။ ၀င်းဒိုးစ်ထည့်သွင်းမယ့် ပါတေးရှင်းကို ရွေးပြီး Delete ကို ကလစ်ပါ။

15. တကယ် Delete လုပ်မှာလားဆိုတာ မေးတာပါ။ Ok လုပ်ပေးပါ။

16. အခြား ပါတေးရှင်းတွေ ဖျက်ချင်သေးရင် ဒီအချိန်မှာ ဖျက်နိုင်ပါသေးတယ်။ (ကိုယ့်ရဲ့ Drive D, Drive E တို့မှာ ဖိုင်တွေသိမ်းထားတာရှိတယ် .. မဖျက်ချင်ဘူးဆိုရင် ဒီအဆင့်ကို ကျော်သွားပါ။)

17. အပေါ်ကအဆင့်မှာ Drive Delete လုပ်ဖို့ ရွေးခဲ့တယ်ဆိုရင် တကယ် ဖျက်မှာလားဆိုတာ ထပ်မေးတာပါ။

18. ဒီအဆင့်မှာတော့ ၀င်းဒိုးစ်ကို အင်စတောထည့်သွင်းမယ့် Drive ကိုရွေးပြီး Next ကို ကလစ်ပါ။ (ဒီပုံထဲမှာတော့ အရင် ရှိခဲ့တဲ့ Drives တွေ အားလုံးကို ဖျက်ပစ်ခဲ့တဲ့အတွက် Drive တခုဘဲတွေ့ရပါမယ်။)

STEP (2)
19. အပေါ်က အဆင့်မှာ Next ကိုကလစ်ခဲ့ပြီးရင် ဒီအဆင့်မှာတော့ ၀င်းဒိုးစ် အင်တောခြင်း စတင်နေပါပြီ။ ဘာမှလုပ်စရာမလိုပါ။ စောင့်နေပါ။

20. ဒီအဆင့်မှာ 100% ပြည့်ပြီးသွားရင် Restart ဖြစ်သွားပါမယ်။ ဘာမှလုပ်စရာမလိုပါ။ စောင့်နေပါ။ (Restart ပြန်တက်လာရင် စစချင်းမှာတုန်းကလို Press any key to boot from CD or DVD စာတန်း ပေါ်လာပါအုံးမယ်။ Enter မခေါက်လိုက်ပါနဲ့။ ခေါက်မိသွားရင် အစကနေ နောက်တခါ ပြန်လုပ်နေရပါမယ်။)

21. စောင့်နေပါ။

22.စောင့်နေပါ။

23.စောင့်နေပါ။

24.စောင့်နေပါ။

25.စောင့်နေပါ။

26.စောင့်နေပါ။

27.စောင့်နေပါ။

28.စောင့်နေပါ။

29. ကွန်ပြူတာအမည်နဲ့ နက်ဝါဒ်ထဲမှာ ပေါ်စေချင်တဲ့ ကွန်ပြူတာအမည် ပေးပါ။ ပြီးရင် Next ကို ကလစ်။

30. ကွန်ပြူတာ login ၀င်ရင် သုံးမယ့် password ပေးပါ။ မပေးချင်လည်း ရပါတယ်.. ကျော်သွားပါ။ ပြီးရင် Next ကို ကလစ်ပါ။

31. အခု ၀င်းဒိုးစ်တင်နေတဲ့ ခွေက မူရင်းအစစ်ကို ၀ယ်ထားတဲ့ခွေဆိုရင် Product Key ပါလာပါမယ်။ အဲဒီကီးကို ထည့်ပေးပါ။ 32bit, 64bit အားလုံးအတွက် ကီးက အတူတူပါဘဲ။

မူရင်းခွေမဟုတ်ရင်တော့ Automatically activate Windows when I’m online. ဆိုတာကို ကလစ်ပေးပြီး ဝင်းဒိုးတက်လာမှ Windows Genuine Crack တစ်ခုနဲ့ Genuine ဖြစ်သွားအောင်လုပ်ပါ။ ဒီစာရဲ့အောက်ဆုံးမှာ Windows Genuine လုပ်ပေးနိုင်တဲ့ 7 Loader ဆိုတာကို တခါတည်း ထည့်ထားပေးပါမယ်။

32. Ask me later ကို ကလစ်ပြီး Next ကို ကလစ်ပါ။ (ဒီအပိုင်းက နောက်မှ Control Panel ထဲမှာ ပြန်ပြင်လည်း ရပါတယ်။ ကျနော်တို့အတော်များများက မူရင်းဝင်းဒိုးစ် ၀ယ်သုံးကြတာမဟုတ်တော့ Windows Update မလုပ်တာက ပိုအဆင်ပြေပါတယ်။)

33. ကွန်ပြူတာ အချိန်၊ နေ့စွဲ၊ TimeZone တွေကို ဒီမှာ ချိန်ညှိပေးပါ။

STET (3)
34. Public Network ကို ကလစ်ပါ။ (ဘာဘဲကလစ်လုပ်လုပ် ရပါတယ်။ ဒါပေမယ့် ကျနော်တို့အများစုအတွက် လွယ်လွယ်ကူကူ ရှဲလုပ်သုံးနိုင်အောင် ဒါကို ရွေးတာပါ။)

35. စောင့်နေရုံပါဘဲ။

36. စောင့်ပါ။

37. အိုကေ။ အားလုံးပြီးသွားပါပြီ။ ၀င်းဒိုးစ် ဆဲဗင်းကို စသုံးလို့ရပါပြီ။

Windows 7 မူရင်းခွေမဟုတ်သူတွေအတွက် ဒီအဆင့်ကို လုပ်ပေးပါ။ မူရင်းခွေ ဟုတ်မဟုတ်၊ activate ပြင်ထားပြီးသား ဟုတ်မဟုတ် သိချင်ရင် My Computer ကို Right Click လုပ်ပြီး Properties ဖွင့်ကြည့်ပါ။ အောက်ဆုံးနားမှာ ပုံမှာပြထားတဲအတိုင်း တွေ့ရပါမယ်။ (အခုတင်ထားတဲ့ ပုံက activated ဖြစ်သွားတဲ့ပုံပါ။ activated မဖြစ်သေးတဲ့စက်တွေမှာတော့ 30 days left, Not activated စသဖြင့် တွေ့ရပါမယ်။)

38. ဒီလင့်ကို ကလစ်ပြီး 7 Loader ဖိုင်ကို ယူပါ။ 3.14Mb ရှိပါတယ်။ Download “7 Loader”

39. ရလာတဲ့ဖိုင်ကို ဇစ်ဖြည်ပါ။ 7Loader.exe ဖိုင်ရလာပါမယ်။ အဲဒီဖိုင်ကိုဖွင့်ပါ။

40. ပွင့်လာရင် ကိုယ့်ကွန်ပြူတာအမျိုးအစားကို ရွေးပါ။ ဥပမာ ကိုယ့်ကွန်ပြူတာက hp ဆိုရင် ပုံမှာပြထားတဲ့အတိုင်း hp icon ကို ကလစ်ပါ။ pop box ပေါ်လာရင် ok ကို ကလစ်ပါ။

41. ပုံမှာပြထားတဲ့အတိုင်း Install / Remove Loader ကိုကလစ်ပါ။ pop box ပေါ်လာရင် ok ကို ကလစ်ပါ။ ဒါဆိုရင် My Computer > Right Click > Properties ပြန်ဖွင့်ကြည့်တဲ့အခါ အပေါ်က ပုံမှာပြထားတဲ့အတိုင်း Windows is activated ဖြစ်သွားတာကို တွေ့ရပါမယ်။

ကဲ… အားလုံး ပြုံးပျော်ကြပါစေဗျား …

ခင်မင်စွာဖြင့်

စောကျော်ခရော့စ်

«
Next
Newer Post
»
Previous
Older Post