Slider

Recent Tube

Wisata

News Scroll

Favourite

Event

Culture

Gallery

ရိုဟင်ဂျာအရေး ထောက်ခံမှုအပေါ် တိုက်ခိုက်မှုများ ကြုံရခြင်း

Burma Campaign UK (BCUK) အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စအပေါ် ထောက်ခံပါသည်။ Burma Campaign UK အဖွဲ့က ဤသဘောကို ထုတ်ဖော်ပြောဆိုခြင်းသည် အံ့သြဖွယ်မဟုတ်သလို၊ အငြင်းပွားဖွယ် ကိစ္စတခုလည်း မဟုတ်ပါ။

မိမိတို့က မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ လှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ရိုဟင်ဂျာ
ပြည်သူများ လူ့အခွင့်အရေး ခံစားရရှိခွင့် ရှိရမည် ဆိုသည့်အချက်နှင့် နိုင်ငံတကာ ဥပဒေများအရ ပုံမှန် အခွင့်အရေးနှင့် ကာကွယ်ပေးမှုများ ခံစားရရှိပိုင်ခွင့် ရှိရမည်ဆိုသည်ကို မည်သူတဦးက သဘောကွဲလွဲ အငြင်းပွားပါအံ့နည်း။

သို့သော်လည်း အချို့သောသူများက ဤသို့သဘောထား ထုတ်ဖော်ပြောဆိုချက်အပေါ် ဒေါသအမျက် ချောင်းချောင်း ထွက်ကြသည်။ Burma Campaign UK အဖွဲ့၏ ဝန်ထမ်းများကို မုဒိမ်းကျင့်သင့်သည်၊ သတ်ပစ် သင့်သည်ဟုပင် ထုတ်ဖော်ပြော ဆိုသည်များကြုံကြရသည်။ မိမိတို့ခံယူသည်မှာ မိမိတို့ "အပြစ်မသင့်"၊ "သင်ခန်းစာ ပေးရမည့်သူများ" လည်းမဟုတ်ပါ။ "ကြိုးစင်တင် အပြစ်ပေးရမည့်သူများ" လည်း မဟုတ်ပါ။ ဤသို့သော အမြင်များနှင့် များစွာသော ရိုင်းပြအောက်တန်းကျသည့် တိုက်ခိုက်မှုစာများ မိမိတို့ထံ အီးမေးလ် ပေးပို့ခဲ့ကြသလို၊ YouTube/ Facebook စသည့် လူမှုကွန်ရက်စာမျက်နှာ များတွင်လည်း တင်ပို့ဖော်ပြသည်ကို တွေ့ခဲ့ကြရပါသည်။

ရိုဟင်ဂျာများ လူ့အခွင့်အရေး ရရှိသင့်သည်၊ သူတို့၏ လူ့အခွင့်အရေးကို ခုခံကာကွယ်ပေးနိုင်ရန် ရိုဟင်ဂျာ များနှင့် အလုပ်ပူးတွဲ ဆောင်ရွက်သင့်သည်၊ စသည်ဖြင့် ဖော်ပြပြောဆိုခဲ့ကြသည့် Burma Campaign UK နှင့် အခြားသော အဖွဲ့အစည်းများအပေါ် ဆန့်ကျင်ခဲ့ကြသော တိုက်ခိုက်စော်ကားမှုများ၊ မုန်းတီးမှုများ၊ ဒေါသ အမျက်များ မည်မျှပြင်းထန် စွာ ကြုံတွေ့ခဲ့ ရသည်ကတော့ အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။

ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြမှုများပင် ရှိခဲ့သည်။ ဗြိတိသျှသံရုံးရှေ့တွင် ပြည်ပရှိ သတင်းမီဒီယာ အဖွဲ့အစည်းများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ယခင် စစ်အစိုးရက ဝါဒဖြန့်ချိထားသည့်အတိုင်း အလားတူ Burma Campaign UK အဖွဲ့ကို တိုက်ခိုက် စွပ်စွဲခဲ့ကြသည်။ ရိုဟင်ဂျာ ပြည်သူများအတွက် ဝါဒဖြန့်ပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဆန့်ကျင်ကြခြင်း
ဖြစ်သည်။ ၎င်းကဲ့သို့ ဆန္ဒပြသူများအနက်မှ မိမိတို့က "ဝါဒဖြန့်ချိပေးနေသည်" (ဝါဒဖြန့် သည်ကို မည်သည့်သဘောဖြင့်
ပြောဆိုသုံးနှုန်းခြင်း မသိပါ) ဟု စွပ်စွဲခဲ့ကြသူများအပေါ် သံသယဖြစ်မိပါသည်။ လက်ရှိ စိတ်ခံစားမှု အထွဋ်အထိပ်
ရောက်နေချိန်၊ မစဉ်းစားမချင့်ချိန်နိုင် ဖြစ်နေချိန်၌၊ ကြားရသမျှ ရိုဟင်ဂျာ ဆန့်ကျင်ရေး ပြောဆိုချက်များကို အားလုံး ယုံကြည် မြိုချနေကြပုံရပါသည်။

မည်သို့ဖြစ်စေ ဤသို့ဆန္ဒပြခွင့် ပြုသည်ဆိုသည်မှာ ကောင်းသည့်လက္ခဏာတခုဟု ယူဆ၍ရပါသည်။ သို့သော်လည်း သူတို့ရရှိလာသည့် အသစ်သော လွတ်လပ်ခွင့်၊ ဆန္ဒပြခွင့်ကို အသုံးပြုကြသူများအနေဖြင့် ထောင်များထဲတွင် ကျန်ရှိ
နေသေးသည့် ရာနှင့်ချီသောနိုင်ငံရေး အကျဉ်းသားများ လွတ်လပ်ခွင့်အတွက် အသုံးပြုကြပါ၏လော။ သို့မဟုတ် ကချင်ပြည်နယ်တွင် မုဒိမ်းပြုကျင့်ခံနေရစည့် အမျိုးသမီးများအတွက် ဆန္ဒပြကြပါ၏လောဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။

လူတို့၏ စိတ်ခံစားမှုက မဆင်ချင်နိုင်ဘဲ အမြင့်ဆုံးရောက်နေရာ၊ Burma Campaign UK အဖွဲ့က တနည်းတဖုံအားဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့် ပေးနေသည်ဟု စွပ်စွဲပြောဆို နေကြသူများ ရှိသလို၊ လွန်လွန်ကျူးကျူး ယုံကြည်နေကြသူ အများလည်း ရှိနေပါသည်။ သူတို့က ယခုဖြစ်ပွားနေသည့် အကြမ်းဖက်များ အတွက် မိမိတို့ တာဝန်ရှိသည်ဟု စွပ်စွဲနေကြပါသည်။

Burma Campaign UK အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စ ထောက်ခံပြောဆိုနေသည့်အပေါ် ကာလကြာရှည်ကပင် ထူးထူးဆန်းဆန်း ဝေဖန်ပြောဆို ခံနေခဲ့ရပါသည်။ ၎င်းကိစ္စမှာ အမှန်တကယ် နားလည်မှု လွဲမှားနေခြင်းသာ ဖြစ်ပါသည်။

ဘလော့များ၊ အီးမေးလ်များ၊ ဖေ့စ်ဘုတ် (Facebook) ကဲ့သို့သော အင်တာနက် ဝက်ဘ်ဆိုက်ဒ်များတွင် လိမ်ညာ
ပြောဆိုမှုများ၊ ကောလာဟလများ ပျံ့နှံ့နေပါသည်။ ရိုဟင်ဂျာများအတွက် အကျိုးဆောင်ပေးမှုကြောင့် ငွေရနေသည်ဟု ဆိုနေကြသည်။ Burma Campaign UK အဖွဲ့က ရိုဟင်ဂျာကိစ္စ ဆောင်ရွက်နေမှုကြောင့် မည်သည့်ထောက်ပံ့မှုမျှ ရရှိခဲ့ခြင်းမရှိပါ။

ကိစ္စအများစုတွင် Burma Campaign UK အဖွဲ့၏ ဝင်ငွေများကို မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှား
ဆောင်ရွက်မှုအပေါ် သုံးစွဲခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် မိမိတို့သည် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခု
ဖြစ်ပါသည်။

အလားတူ အခြားလိမ်ညာဖော်ပြမှုတခုမှာ အရှေ့အလယ်ပိုင်းနိုင်ငံများက မိမိတို့ကို ရန်ပုံငွေထောက်ပံ့နေသည်ဟု
ပြောဆိုနေခြင်း ဖြစ်ပါသည်။ တခါတရံ ဖော်ပြနေမှုများတွင် အရှေ့အလယ်ပိုင်း နိုင်ငံများက မြန်မာနိုင်ငံကို သိမ်းပိုက်၍ မူစလင်နိုင်ငံအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေမှု အကြံအစည်တွင် မိမိတို့က တစိတ်တပိုင်း ပါဝင်ပတ်သက်နေသည်ဟု
ပြောဆိုနေကြပါသည်။ ၎င်းကိစ္စအတွက် အထောက်အထားများ ရှိနေသည်ဟုပင် စွပ်စွဲပြောဆိုနေကြသည်။ ရိုဟင်ဂျာ အရေး လှုပ်ရှားနေသူများက အစ္စလမ်မစ် အဖွဲ့အစည်း ညီလာခံသို့ တက်ရောက်လာကြသည့်အခါ၊ မိမိဓာတ်ပုံဟုဆိုပြီး၊ တက်ရောက်လာသည့် အာရကန် ရိုဟင်ဂျာ သမဂ္ဂ (Arakan Rohingya Union) ကိုယ်စားလှယ်များကို ၎င်းတို့၏ ဘလော့တွင် တင်ပြထားခဲ့ရာ၊ ဤပုံကို ဖော်ပြ၍ မိမိတို့က အရှေ့အလယ်ပိုင်းနိုင်ငံများမှ ငွေယူထားသည့်သက်သေဟု စွပ်စွဲပြောဆိုနေကြပါသည်။

ပြဿနာမှာ ၎င်းဓာတ်ပုံထဲတွင် မိမိ မပါဝင်ပါ။ ၎င်းအစည်းအဝေး ဖြစ်ပေါ်ခဲ့ကြောင်းပင် မိမိမသိရှိပါ။ ၎င်းဓာတ်ပုံတွင် ပါဝင် ဖော်ပြထားသည်မှာ မြန်မာ့အရေးဆိုင်ရာ ဥရောပရုံး (Euro Burma Office) မှ ဦးဟန်ညောင်ဝေ ဖြစ်ပါသည်။ ထိုအချိန်က မိမိတို့က စွပ်စွဲချက်များကိုကြည့်၍ ရယ်မောနေခဲ့ကြပါသည်။ ရှမ်းပြည်နယ်မှ မင်းသားတဦးနှင့် မိမိဓာတ်ပုံ ကိုမှ မခွဲခြားနိုင်လေခြင်းဟု ရယ်မောနေခဲ့ကြသည်။

မိမိတို့က အလေးအနက် မထားမိခဲ့ကြပါ။ သို့သော်လည်း ဤသို့လိမ်လည်ဖော်ပြမှုအပေါ် ယုံကြည်နေခဲ့ ကြကြောင်း သတိမမူမိခဲ့ကြပါ။ ဤသတင်းက အီး-မေးလ်များ၊ ဘလော့များ၊ Facebook များတွင် ပျံ့နှံ့နေခဲ့ ကြပြီး၊ လူအများက လည်း ယုံကြည် နေခဲ့ကြပါသည်။ မကြာသေးမီက မိမိမြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရန်ကုန်ရှိ အဆင့်မြင့် ဒီမိုကရေစီခေါင်းဆောင်များကပင် ဤအရေးဆွေးနွေး ပြောဆိုခဲ့ကြပါသည်။

လိမ်ညာပြောဆိုနေကြသည့် အချက်တခုမှာ မိမိတို့က ရိုဟင်ဂျာပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်ပေးနေကြသည် ဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။ ၎င်းကိစ္စ မိမိတို့က မည်သည့်အချိန်ကမျှ ပြောဆိုခဲ့ခြင်းမရှိပါ။ ရိုဟင်ဂျာ အဖွဲ့အစည်း အချို့က လွန်ခဲ့သည့် ဆယ်စုနှစ်များက ၎င်းကဲ့သို့ တောင်းဆိုခဲ့ကြသော်လည်း၊ ရိုဟင်ဂျာ အဖွဲ့အစည်းများထံမှ သူတို့ ကိုယ်ပိုင်ပြည်နယ် လိုချင်သည်ဟု ပြောဆိုသည်ကို မိမိတို့တခါမျှ ကြားခဲ့ရခြင်း မရှိပါ။

အကယ်၍ ရိုဟင်ဂျာပြည်သူများကို တိုင်းရင်းသားဟု သတ်မှတ်လိုက်ပါက၊ သူတို့ကို နယ်မြေ/ပြည်နယ် ပေးရတော့မည် ဟူသည်မှာလည်း နားလည်မှုလွဲမှားနေသည့်ကိစ္စ သာ ဖြစ်ပါသည်။ ဤကိစ္စမှာ မမှန်ကန်သလို၊ Burma Campaign UK အဖွဲ့ကလည်း ၎င်းကိစ္စကို ထောက်ခံပြောဆိုခဲ့ခြင်း အလျဉ်းမရှိပါ။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ နောက်ထပ်မိမိတို့ တိုက်ခံခံနေရသည့် အကြောင်းအချက်တခုမှာ မိမိတို့တွင် မူစလင် ဘာသာဝင် ဝန်ထမ်းတဦး ရှိနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။ မဝေနှင်းပွင့်သုန်က Burma Campaign UK အဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားလာချိန်မှစ၍ မြန်မာလူထုအချို့၏ ဖေ့စ်ဘုတ်စာမျက်နှာများတွင် ဤသို့ တိုက်ခိုက်မှုများ စတင်လာခဲ့ပါ သည်။ အကြောင်းမှာ သူက မူစလင်ဘာသာဝင်တဦး ဖြစ်နေပါသည်။

ရိုဟင်ဂျာပြည်သူများအပေါ် ဖိနှိပ်ခံရမှုများအပေါ် ဆန္ဒပြပွဲများတွင် မဝေနှင်းပွင့်သုန် ပါဝင်ခဲ့သည့် ဓာတ်ပုံ ဖော်ပြခဲ့သည့် မကြာသေးခင်နှစ်များအထိ၊ မိမိတို့၏ စာမျက်နှာများတွင် ရိုဟင်ဂျာများနှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုများကို ဖော်ပြနေသည်အထိ ယခုတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိသေးပါ။ ယခုအခါ မဝေနှင်းပွင့်သုန်မှာ စော်ကား တိုက်ခိုက်မှုများအတွက် ပစ်မှတ်တခုသဖွယ် ဖြစ်နေပါသည်။ မူစလင် ဘာသာဝင် မဟုတ်သူ မိမိတို့ အခြားဝန်ထမ်း များကလည်း အလားတူဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပါသည်။

လိမ်ညာဖော်ပြမှုများတွင် မဝေနှင်းပွင့်သုန်က တိတ်တဆိတ် ရိုဟင်ဂျာလူမျိုးတဦး ဖြစ်သည်ဟု ဆိုနေကြသည်။ မမှန်ပါ။ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization) တွင် လုပ်ကိုင် နေသည်ဟု စွပ်စွဲကြ သည်။ မမှန်ပါ။ မြန်မာနိုင်ငံတွင် Caliphate ကို ဖန်တီးနေသည်ဟု စွပ်စွဲဖော်ပြနေသည်။

သူက ဤသို့လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ရိုဟင်ဂျာများထံမှ ငွေယူထားသည်ဟု ဆိုကြပြန်သည်။ ဤကိစ္စလည်း မမှန်ပါ။ ထို့အပြင် ရိုဟင်ဂျာ ယောက်ျားအများနှင့် ကလေးရထားသည်ဟု ဆိုကြပြန်သည်။ မှန်ကန်ခြင်း မရှိပါ။ သူ့အပေါ် ဤသို့လိမ်ညာတိုက်ခိုက် နေခြင်းမျှသာမဟုတ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အများအပြားလည်း ကြုံနေရပါသည်။

အလိမ်အညာ သတင်းများ၊ ဇာတ်လမ်းများကိုကြား၍ ယုံကြည်နေကြသူ အများစုက ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆက်နွယ်ထောက်ခံသည်ဟုဆိုလျှင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရန်၊ စော်ကားရန်၊ ခြိမ်းခြောက်ရန် အကြောင်း အချက် လုံလောက်သည်ဟု ထင်မြင်ယူဆနေကြပါသည်။ သူတို့၏ ခေါင်းဆောင်များက ဤသို့ပြုမူနေကြသည့် အတွက် လည်း၊ အံ့သြဖွယ်တော့ မဟုတ်ပါ။

ပြီးခဲ့သည့် တနှစ်ခန့်က ဒေါက်တာအေးချမ်းနှင့် သူ၏ နောက်လိုက်နောက်ပါများနှင့် စကားစမြည် ပြောဆိုရန် မိမိ ကြိုးပမ်းခဲ့ဖူးပါသည်။ သူတို့က အာဏာရှင်များထက်၊ ရိုဟင်ဂျာများကို ပြစ်တင်ဝေဖန်ရန် ပို၍အချိန်ပေးနေကြပါသည်။
ဒေါက်တာအေးချမ်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ ဤသို့မပါဘဲနှင့် ဆွေးနွေးပြောဆိုရန် မဖြစ်နိုင်ခဲ့ ပါ။ အီးမေးလ်ဖြင့် စာပို့ဆွေးနွေးမှုကိုလည်း အခြားသော အီးမေးလ်အုပ်စုများထံ ဖြန့်ဝေခဲ့ပါသည်။

မိမိ၏ အီးမေးလ် စာတိုက်ပုံးထဲသို့လည်း စော်ကားတိုက်ခိုက်သည့် အီးမေးလ်များ ပြည့်လျှံ နေခဲ့ပါသည်။ သူ၏
နောက်လိုက်နောက်ပါများက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများ မပြုပါရန် မိမိက ဒေါက်တာအေးချမ်းကို
တောင်းဆိုခဲ့သည့်အခါ၊ ဤသို့ဆောင်ရွက်သူများကို ရှုံ့ချပါရန် တောင်းဆိုခဲ့သည့်အခါ သူက လုပ်ဆောင်ရန် ငြင်းဆို ခဲ့ပါသည်။ ခေါင်းဆောင်များက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ စော်ကားမှုများကို ရှုံ့ချငြင်းပယ်ရန် ပျက်ကွက်ခဲ့ပြီး၊ သူတို့ ကိုယ်တိုင်က ဤသို့ဆောင်ရွက်နေသည့်အခါ၊ နောက်လိုက်များကလည်း ၎င်း အမူအကျင့်ကို လိုက်လံ အတုခိုးကြမည် သာ ဖြစ်ပါသည်။

မကြာသေးမီကာလက မိမိတို့ကို ရိုဟင်ဂျာ လိုလားထောက်ခံသူများအဖြစ် စွပ်စွဲခဲ့ကြပါသည်။ ဤသို့ပြောဆို သည်မှာ မည်သည့် အဓိပ္ပါယ်ဆောင်သည်ကို မိမိကိုယ်တိုင် မရှင်းလင်းသေးပါ။ သေချာသည်မှာ မိမိတို့က ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေး ကိစ္စအတွက် လိုလားထောက်ခံသူများ ဖြစ်ပါသည်။ သို့ဆိုလျှင် အခြားသော ဒီမိုကရေစီ/ လူ့အခွင့် အရေး ယုံကြည်သူ များကလည်း ဤသို့မဖြစ်နိုင်ရပါမည်နည်းဟု မေးစရာ ရှိပါသည်။

သို့သော်လည်း အကျိုးဆက်မှာ မိမိတို့က ရိုဟင်ဂျာ လိုလားထောက်ခံသူများ ဖြစ်သောကြောင့်၊ တနည်းတဖုံ အားဖြင့် မိမိတို့က ရခိုင်ဆန့်ကျင်သူများ ဖြစ်နေကြရသည်။ လူအများက ဤသို့အမြင်နှစ်ခု ယှဉ်တွဲ၍ ရှိနေကြပုံမှာ အထူး စိုးရိမ်ဖွယ်ပင် ဖြစ်ပါသည်။ Burma Campaign UK က မြန်မာနိုင်ငံရှိ လူထုအားလုံး၏ လူ့အခွင့်အရေးကိစ္စကို
ထောက်ခံပါသည်။ ၎င်းလူထုများတွင် ရိုဟင်ဂျာနှင့် ရခိုင်တို့လည်း အပါအဝင် ဖြစ်ပါသည်။ ရိုဟင်ဂျာများတွင် လူ့အခွင့်အရေးရှိသည်ဟု ပြောဆိုခြင်းကြောင့်၊ မိမိတို့ကို ရခိုင်ဆန့်ကျင်ရေးဟု အမည်တပ်၍ မရနိုင်ပါ။ မိမိတို့က ရခိုင်ကိစ္စနှင့် ပတ်သက်သည့် အရေးကိစ္စများစွာကို လှုံ့ဆော်ကမ်ပိန်းများ ဆောင်ရွက်ခဲ့ကြဖူးပါသည်။ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း၊ ရခိုင် နိုင်ငံရေးအကျဉ်းသားများ ကိစ္စအပါအဝင် ဖြစ်ပါသည်။ အိန္ဒိယတွင် ထောင်ကျခံနေရသည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား ၃၄ ဦးကိစ္စအပေါ် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် ကမ်ပိန်းအုပ်စု အနည်းငယ်အနက် မိမိတို့က တဖွဲ့အပါအဝင် ဖြစ်ပါသည်။

Burma Campaign UK အဖွဲ့အပေါ် ရခိုင်အရေးနှင့် ပတ်သက်၍ လုံလောက်စွာ မဆောင်ရွက်ခဲ့မှုကြောင့်လည်း ပြစ်တင်
ဝေဖန် ခံရပါသည်။ ဤသည်ကိုထောက်ပြ၍ ရိုဟင်ဂျာတို့ကို လိုလားထောက်ခံ ဘက်လိုက်ရပ်တည် သည်ဟုလည်း စွပ်စွဲကြပါသည်။ သို့သော်လည်း ရခိုင်တို့နှင့် ပတ်သက်သည့် ပြဿနာများကို ဆောင်ရွက်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်း များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ တောင်းခံလာပါက မိမိတို့က မည်သည့်အချိန်မျှ ငြင်းပယ်ခဲ့သည်ဟူ၍မရှိပါ။

ရခိုင်အရေးနှင့် ပတ်သက်၍ မိမိတို့က ပို၍လုပ်ဆောင်ပေးဖွယ်ပင် ရှိပါသည်။ သို့သော်လည်း အင်္ဂလန်ရှိ အချို့သော ရခိုင် လူမှုအဖွဲ့ဝင်များက မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြပါ။ အကြောင်းမှာ မိမိတို့က ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးကို ထောက်ခံပေးခဲ့ကြသည့်အတွက် ဖြစ်ပါသည်။ မိမိတို့က ရခိုင်လူမှု အသိုက်အဝန်း ခေါင်းဆောင်များ
နှင့် ဆုံတွေ့ရန် စီစဉ်ခဲ့ကြသည့်အခါ၊ တလခန့် ကြာမြင့်ပြီးမှ လူတဦးထံမှသာ အကြောင်းပြန်ခဲ့ပါသည်။ အတိတ်ကာလ တွင်လည်း မိမိတို့က အင်္ဂလန်ရှိ ရခိုင်လူမှု အသိုက်အဝန်း အဖွဲ့အစည်းများနှင့် ပြည်ပရောက် အဖွဲ့အစည်းများအပေါ်
ထောက်ခံပံ့ပိုးနိုင်ရန် သင်တန်းမျိုးစုံ စီစဉ်ပေးရေး ကမ်းလှမ်းခဲ့ပါသည်။ မည်သူကမျှ လက်ခံခဲ့ခြင်း မရှိပါ။

Burmese Rohingya Organisation UK ထံမှ ယခု အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတင်းများကို Burma Campaign UK အဖွဲ့က ဖြန့်ဝေပေးခဲ့သည့် အတွက်ကြောင့်လည်း မိမိတို့ကို ပြင်းထန်စွာ ဝေဖန်ပြစ်တင် ခံရပါသည်။ သတင်းများကို ဖြန့်ဝေပေးခြင်းမှာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဓိကလုပ်ငန်းတခု ဖြစ်ပါသည်။ နှစ်စဉ်ဆိုသလို ပင် မိမိတို့က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဲန်ဂျီအိုများမှ သတင်း မီဒီယာ ထုတ်ပြန်ချက်များ၊ အစီရင်ခံစာများ၊ အကျဉ်းချုပ်တင် ပြချက်များကို ဖြန့်ဝေပေးခဲ့ကြပါသည်။

ရခိုင်ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့်အဖွဲ့အစည်း တခုခုက သတင်းများ ပေးပို့လာ ပါက၊ မဖော်ပြခံရဘဲ ရှိနေပါက၊ မိမိတို့က ဆက်လက်ဖြန့်ဝေပေးမည်သာ ဖြစ်ပါသည်။ သို့သော်လည်း ဤသို့ပေးပို့လာ ခဲ့ခြင်း မရှိပါ။

မိမိနှင့် Burma Campaign UK ကို ဘက်လိုက်သည်ဟု ဝေဖန်ပြောဆိုနေသည့်သူ အချို့နှင့်လည်း စကားစမြည်
ပြောဆိုခဲ့ဖူးပါသည်။ ဘက်လိုက်သည်ဟု ပြောရလောက်အောင် လုပ်ဆောင်မှုများ ဥပမာပေးပါဟု တောင်းခံခဲ့ဖူးသည်။ မည်သူတဦးကမျှ မည်သည့်အချက်တခုကိုမျှ ထောက်ပြခဲ့ခြင်း မရှိပါ။ သို့သော်လည်း ၎င်းကဲ့သို့ အထင်မြင်က ဆက်လက်တည်ရှိနေဆဲသာ ဖြစ်ပါသည်။

ရိုဟင်ဂျာများအတွက် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်ပေးခြင်းသည် ရခိုင်လူမျိုးများကို ဆန့်ကျင်သည်ဟူသည့် ယုံကြည်ချက်အမြင်ကို ပယ်ဖျက်အောင် ဆောင်ရွက်ရသည်မှာ မဖြစ်နိုင်သကဲ့သို့ ရှိနေပါသည်။ မိမိတို့ အမြင်တွင်မူ၊ ယခုကိစ္စသည် အစွန်းရောက်အင်အားစုတို့က တမင်တကာ ဖန်တီးနေကြသည့် နည်းပရိယာယ် သာဖြစ်ပြီး၊ ဆွေးနွေး
ငြင်းခုန်မှုများကို ပို၍ သဘောထားကွဲလွဲအောင်၊ အမုန်းတရားနှင့် သည်းညည်းမခံနိုင်မှုကို ပို၍ ဖြစ်လာအောင် လှုံ့ဆော်နေခြင်းသာ ဖြစ်ပါသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုများနှင့် ဓာတ်ပုံမှတ်တမ်းများသည် တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာစေရန် မီးမွှေးပေးမည့် လျှပ်စစ်မိုးကြိုးသွားနှယ် ဖြစ်နေပါသည်။ ယခု ဆောင်းပါး အပေါ်တွင်လည်း အလားတူ တုံ့ပြန်တိုက်ခိုက်မှုများ ကြုံကြရပါလိမ့်ဦးမည်။

သို့သော်လည်း အမှန်တရားအတိုင်း ဖြစ်စေရန် အချိန်ယူရဦးမည်ဟု မိမိတို့ မျှော်လင့်ထားပါသည်။ Burma Campaign UK အနေဖြင့် ဤသို့ဘက်လိုက်သည်ဟု အထင်ခံရစေရန် မည်သည့်အကြောင်းအချက်၊ မည်သည့်အကျိုးစီးပွားများ ရှိနေပါ သနည်း။

မိမိတို့ အဓိကဆောင်ရွက်နေကြသည့် ခေါင်းစဉ်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စသာ ဖြစ်ပါသည်။ ယခုကိစ္စ အပေါ် နှစ် ၂ဝ ကျော် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများလည်း ဖြစ်ပါသည်။ မည်သည့် အတွက်ကြောင့် လူများက လိမ်လည်စွပ်စွဲမှုများကို အလွယ်တကူ ယုံကြည်နေကြပါသနည်း။ သူတို့အရေး တက်ကြွစွာ အားကျိုးမာန် တက် ထောက်ခံ ဆောင်ရွက်နေကြသူများအပေါ် မကောင်းပြောဆိုချက်များကို လူအများက မည်သည့်အတွက် အလွယ်တကူ လက်ခံနေ ကြပါသနည်း။ လိမ်ညာပြောဆိုမှုများကို အတင်းစကားမဆိုမီ၊ အခြားသူများထံ မဖြန့်ဝေမီ မည်သည့်အတွက်ကြောင့် အမှန်တရားကို မမေးမြန်းဘဲ နေကြပါသနည်း။

Burma Campaign UK အဖွဲ့နှင့် သဘောထား မတူညီသူများသည်ပင်၊ သဘောထားကွဲလွဲရုံမျှနှင့် ခြိမ်းခြောက်
စော်ကားမှုများ လက်ခံရရှိသင့်ပါသလော၊ ဤသို့ လက်ခံရရှိသည်မှာ မှန်ကန်ပါ၏လောဟု ပြန်၍ မေးခွန်းထုတ်လို ပါသည်။ ဤသည်မှာ အာဏာရှင်စနစ်တွင် ထားရှိကြသည့် ချည်းကပ်ပုံမျိုး၊ စိတ်နေစိတ်ထား မျိုးသာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ဆောင်ရွက်ကြသည့် နည်းမှန်လမ်းမှန် မဟုတ်ပါ။ လူအများက လိမ်ညာမှုများကို အလွယ်တကူ လက်ခံယုံကြည်နေကြသည့်အချိန်၌ သူတို့ကိုယ်တိုင်လည်း ပြန်၍ မေးခွန်းထုတ်ကြည့်ကြရန် အထူးလိုအပ်နေပါသည်။

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ်အဖြစ်ဆိုးများနှင့် ၎င်းကိစ္စအပေါ် လူတို့၏ တုံ့ပြန် ခံစားနေရ မှုများသည် မြန်မာနိုင်ငံအပေါ် အရိပ်မဲလွှမ်းမိုးနေပါသည်။ အကြမ်းဖက်မှုများနှင့် သည်းညည်းခံလိုစိတ် မရှိသည့်အခြေ အနေက ခိုင်မာခြေကုတ်ရလာပါသည်။ မြန်မာပြည်သူများက သူတို့၏ အနာဂတ်ကို ဤသို့မြင်လိုကြ ပါ၏လော။ မေးခွန်း ထုတ်ဖွယ် ရှိပါသည်။

ဒီမိုကရေစီရရှိရေးကိစ္စ၏ အကြောင်းအချက်များအနက် တခုမှာ မတူကွဲပြားမှု အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေး၊
ငြင်းခုန်ဖြေရှင်းခြင်းဖြင့် နိုင်ငံရေးအရ ဖြေရှင်းကြရန် မဟုတ်ပါလော။ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများဖြင့်
ဖြေရှင်းကြရန် မဟုတ်ပါ။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသည် အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုသာ ဖြစ်ပါသည်။ ထို့အတူ လူ့အခွင့်အရေး၊ သည်းညည်းခံမှု ရှိစေရေးနှင့် တန်းတူညီမျှမှုအတွက် လှုပ်ရှားမှုလည်း ဖြစ်စေသင့်ပါကြောင်း။

မာ့ခ် ဖာမနာ (Mark Farmaner) သည် အင်္ဂလန်နိုင်ငံတွင် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဖြစ်ပါသည်။

Mark Farmaner ရေးသားသည့် Supporting Rohingya human rights draws ugly attacks ဆောင်းပါးကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။

မြန်မာအစိုးရကဲ့သို့ပင် ရိုဟင်ဂျာဘင်္ဂလီများကို အင်ဒိုနီးရှားက လက်ခံရန်မဖြစ်နိုင်ကြောင်း သံအမတ်ပြော

မိမိတို့ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် နိုင်ငံမဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေကို လက်ခံ နေထိုင်ခွင့် ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု တာဝန်ပီးဆုံးပြီး နိုင်ငံကို ပြန်မယ့် ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ် Zet Mirzal Zainuddin ပြောကြားလိုက်သည်။

မနေ့က (ဇူလိုင် ၁၄ ရက်နေ့)မှာ နိုင်ငံကို ပြန်လည် မထွက်ခွာမီ ဒက္ကားမြို့တော် သတင်းထောက် အသင်းတိုက်တွင် ပြုလုပ်သော သတင်းဌာနများနှင့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ ဒီပြဿနာက လူ့အခွင့်အရေး ပြဿနာဖြစ်ပြီး မြန်မာနဲ့ သက်ဆိုင်နေတဲ့ အတွက် မြန်မာကသာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာပြောနိုင်သလဲဆိုရင် အင်ဒိုနီးရှား အနေနဲ့ ရိုဟင်ဂျာတွေကို ဖိတ်ခေါ်ပြီး ဒုက္ခသည် အဖြစ်ထားရှိဖို့ (သို့မဟုတ်) နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ ကျွန်တော်တို့မှာ အနေအထား မရှိပါဘူး” ဟု သံအမတ်က ပြောသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်မှ ရိုဟင်ဂျာများကို တိုင်းရင်းသား အဖြစ် လက်မခံနိုင်ကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ တာဝန်ယူပြီး စောင့်ရှောက်ထားရန်နှင့် လက်ခံမည့် နိုင်ငံရှိပါက ပို့ပေးမည် ဖြစ်ကြောင်း ကုလ ဒုက္ခ အကြီးအကဲနှင့် တွေ့ဆုံ စဉ်ဇူလိုင်လ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာ သမ္မတ ပြောကြားချက်နှင့် ပတ်သက်ပြီး ရိုဟင်ဂျာ ဘင်္ဂလီ ဒုက္ခသည်များအား အင်ဒိုနီးရှားက လက်ခံပေးနိုင်ပါမည်လားဟု မေးမြန်းချက်အပေါ် သတင်းထောက်များအား ပြန်လည် ဖြေကြားစဉ် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အခြေအနေမရှိပါကြောင်း၊ ဒုက္ခသည် အရေးနှင့် ပတ်သက်ပြီး ခါးသီးသော အတွေ့အကြုံများ ရှိပါကြောင်း၊ လက်ရှိ အချိန်တွင်လည်း လှေစီး ထွက်ပြေးလာသော ဗီယက်နမ် ဒုက္ခသည် ထောင်ပေါင်းမြောက်မြားစွာ နေရပ်မပြန်လိုဘဲ ရှိနေ ပါကြောင်း ပြော ကြားသည်။

မြန်မာ သမ္မတ၏ ရိုဟင်ဂျာ ဘင်္ဂလီများကို တိုင်းရင်းသား အဖြစ် လက်မခံနိုင်ဘဲ ဒုက္ခသည် စခန်းများတွင် ထားရှိပြီး လက်ခံမည့် နိုင်ငံများ ရှိပါက ပို့ပေးမည်ဆိုသည်ဟု ပြောဆိုခြင်းကို သတင်းများမှ တဆင့် ကြားသိရကြောင်းနှင့် သမ္မတထံမှ နုတ်အားဖြင့် ပြောဆိုသည်ကို မကြားရသေးကြောင်း ပြောကြားသည်။

၎င်းပြင် ယခုခေတ်တွင် နိုင်ငံပေါင်း များစွာတွင် ဘာသာကွဲ၊ လူမျိုးကွဲ များစွာ ရောပြွမ်းနေထိုင်လျှက် ရှိနေပါကြောင်း၊ အင်ဒိုနီးရှား အပါအ၀င် အမေရိကန် ပြည်ထောင်စုတွင်လည်း ထိုကဲ့သို့ နေထိုင်၍ ရှိပါကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် အခြေအနေမှန်ကို နားလည် သဘောပေါက်ရန် လိုကြောင်း၊ အဆိုပါ ပြဿနာကို မိမိနိုင်ငံ ပြည်တွင်းရေး အဖြစ် သဘောထားပြီး ဖြေရှင်းရန် လိုကြောင်း အင်ဒိုနီးရှား သံအမတ်က သတင်းထောက်များသို့ ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် မြန်မာ သမ္မတ၏ ရိုဟင်ဂျာ ဘင်္ဂလီများနှင့် ပတ်သက်ပြီး သဘောထား ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့မှ ဒုက္ခသည်များကို မြန်မာ အစိုးရမှ ပြန်မယူမည်ကို အထူး စိုးရိမ်နေကြောင်း သိရသည်။

သို့အတွက် သူ့နိုင်ငံရှိ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန်ကို၎င်း (သို့မဟုတ်) တတိယ နိုင်ငံ တစ်ခုခုသို့ ပို့ဆောင်ရန်ကို၎င်း ယူအန်မှ တဆင့် ချဉ်းကပ် ကြိုးစားလာနိုင်ဖွယ် ရှိကြောင်း လေ့လာသူများက ပြောသည်။

ကော့စ်ဘဇား ခရိုင် ကောတို့ပလောင် ဒုက္ခသည် စခန်းမှ မွတ်ဆလင် ဒုက္ခသည် တစ်ဦးဖြစ်သူ ကိုမောင်သိန်းကမူ မြန်မာမှ ရောက်ရှိနေသော ဒုက္ခသည် အများစု အနေဖြင့် မြန်မာနိုင်ငံ ကို ပြန်ရန်ထက် တတိယနိုင်ငံ တစ်ခုခုကို ထွက်ခွာရန် ပိုလိုလားနေကြ သည်ဟု ပြောဆိုသည်။

နိရဉ္စရာ
http://www.9dblood.com/2012/07/blog-post_6122.html

အစိုးရတပ်နှင့် တိုက်ပွဲကြောင့် KIA ဗိုလ်တစ်ဦးနှင့် တပ်သား ၄ ဦးကျ

ကေအိုင်အေမှ မြန်မာစစ်တပ်က နှစ်ရှည် သိမ်းပိုက်ထားသော လဂျားယန် Lung Rawk စခန်း
မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ပေါင်းစုသည် ဗန်းမော်ခရိုင် နားလုံ ရာဘာခြံတွင် နှစ်ရက်ကြာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA တပ်ဖွဲ့မှ ဗိုလ်တစ်ဦးနှင့် တပ်သား ၄ ဦးကျဆုံးကာ ၇ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း လိုင်ဇာဗဟိုဌာနချူပ် အရာရှိတစ်ဦး ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချူပ် လိုင်ဇာအနီး လဂျားယန်ရှိ မြန်မာအစိုးရတပ် လုံရောက် (Lung Rawk) သို့ ရိက္ခာလာပို့သည့် မြန်မာအစိုးရစစ်တပ် ခမရ (၃၂၀) နှင့် (၃၈၃) စစ်ကြောင်းနှစ်ကြောင်းကို စစ်အင်အား ၁၅၀ ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့မှ ၁၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ရှေးတန်းသတင်းမှ သိရသည်။

“ကျနော်တို့ပြန်သွားကြည့်တယ်။ တချို့ကိုတော့ မြုပ်ထားတယ်။ တချို့က ဒီတိုင်း သေနေတာ။ ကျနော်တို့ ပြန်မြုပ်ပေးလိုက်တယ်။ အားလုံးပေါင်းရင် ၁၄ ယောက်ဟုတ်တယ်။ ဒဏ်ရာရတာလည်းပါတယ်” ဟု ရှေးတန်းမှတပ်သားတစ်ဦးပြောသည်။

၎င်းတိုက်ပွဲသည် ပြီးခဲ့သည့် ဇွန်လ ၂၈-၂၉ အတွင်း ဆက်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ယခုချိန်တွင် နှစ်ဖက်တပ်များ ပြန်လည်နေရာယူနေကြဆဲဖြစ်ကြောင်းဆက်ပြောသည်။

“မြန်မာအစိုးရတပ်များက ရိက္ခာလာပို့တာ။ ပစ်ခတ်ရင်း ဝင်သွားတယ်။ အားလုံးက မဝင်ဘူး။ တချို့က ဝင်သွားတယ်။ ခြေလျင်နဲ့ လာတာ။ အခုတော့ တိုက်ပွဲမဖြစ်တော့ဘူး။ အားလုံးပြန်သွားပြီ”
ထို့အပြင် ဇူလိုင် ၁ ရက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) အနီး ရိခူး (Yi Hku) နေရာတွင် KIA တပ်ရင်း ၃၆ မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရတပ်မှ ကျဆုံးမှုများရှိကြောင်း တပ်မဟာ (၄) အရာတဦးမှသိရသည်။

ကချင်ပြည်နယ်တွင်း KIO တပ်အခြေစိုက်ရာနေရာသို့ အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

အစိုးရနှင့် KIO သည် ငြိမ်းချမ်းရေးအတွက် ရှေးဦးစွာ ကချင်ပြည်နယ်ရှိ အစိုးရစစ်တပ်များဆုတ်ခွာပေးနိုင်ရန် နှစ်ဖက် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရှိသေးပေ။
http://burmese.kachinnews.com/news

အပစ်အခတ်ရပ်စဲထားသော် လည်း တောင်ငူတွင် တိုက်ပွဲဖြစ်ပွား

ဇူလိုင်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ ၀ါးစိုးရွာအနီး ရှဲလိုဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံတပ်နှင့် မြန်မာအစိုး ရတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါဒေသရှိ မြန်မာအစိုးရတပ် တပ်မ(၆၆)လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၁)သည် KNU ထိန်းချုပ်ထားသည့် သတ်မှတ်နယ် မြေအတွင်း ၀င်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU တောင်ငူခရိုင်မှ ခရိုင်တာဝန်ခံ စောအယ်ဝါးက ကေအိုင်စီသို့ ယခု လို ပြောသည်။

“သူတို့(အစိုးရတပ်)က အပစ်ရပ်ကာလမှာ ကြိုတင်အကြောင်းမကြားဘဲ ကျနော်တို့ သတ်မှတ်နယ်မြေအတွင်းမှာ ၀င်လာတော့ တိုက်ပွဲ ဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တာက ကျနော်တို့ရဲ့ တပ်စုတစ်စုပါပဲ။ သူတို့ဘက်က အရင်ပစ်လို့ ဖြစ်တာ။ မိနစ်ပိုင်းလောက်ဖြစ်ပြီး ကျနော်တို့ ဘက်က ပြန်ဆုပ်တယ်။ ထိခိုက်မှုတော့ မရှိဘူး။”ဟု သူက ပြောသည်။

ဇွန်လ ၂၃ရက်နေ့က သံတောင်မြို့နယ်ရှိ ကော်သေးဒဲရွာသို့ ဆန်သွားဝယ်ပြီး ပြန်လာသော ဟီဒေါခေါ်နှင့် သေခိုဒဲရွာသား ၄ဦးကို ပစ်ခတ် ခဲ့ပြီး ထိုတနေ့တည်းမှာပင် တောင်ယာခင်းတွင် စုပေါင်း မြက်ခုတ်ထွင်ရှင်းလင်းနေသော ဟီဒေါခေါ်ရွာနှင့် ၀ါးစိုးရွာသား ၁၀ဦးအား ပစ်ခတ်ခဲ့သည်။

တစ်ဆက်တည်းပင် မြန်မာအစိုးရတပ်များသည် ဒေသခံရွာသားများ ပစ်ခတ်မှုများရှိသည့်အပေါ် လွတ်လပ်စွာ လုပ်ကိုင်စားသောက်မှုနှင့် သွားလာမှုများ၌ အခက်အခဲဖြစ်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

သူက “အပစ်အခတ်ရပ်စဲရေးအချိန်မှာ နည်းနည်းအေးချမ်းမလားလို့။ အခု အရင်အတိုင်းပဲဆိုတော့ စိတ်မကောင်းဘူး။ အခုထိ ကျနော်တို့ ဒေသခံတွေ ကြောက်ကြောက်လန့်လန့်နဲ့ သွားလာအလုပ်လုပ်နေရတယ်။ (ဇွန်လ) ၂၃ရက်နေ့က တောင်ယာမှာ အလုပ်လုပ်တဲ့သူတွေ တောမှာ လိုက်အိပ်ရသေးတယ်။”ဟု ပြောဆိုသည်။

နော်စီဖိုးရာစိန် ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၆ရက်နေ့က မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ပြီး စစ်ရေးကိစ္စများကိုပါ အနည်းငယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
http://www.kicnews.org/?p=12211

တိုင်းရင်းသားဒေသ ဆင်းရဲမွဲတေမှုကြောင့် မတည်ငြိမ်တာတွေ ဖြစ်လာနိုင်

2012-07-01

မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ကြီးမားလာနေတာဟာ လက်ရှိ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်စေနိုင်သလို လူထုအုံကြွမှုတွေ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ သတိပေးလိုက် ပါတယ်။

ဆင်းရဲမွဲတေမှု အခြေအနေကို လေ့လာတဲ့အခါ မြန်မာနိုင်ငံက ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှု မညီမျှတဲ့ အချက်ကို ထည့်သွင်း တွက်ချက်ရပါမယ်။ တခြား ဆင်းရဲတဲ့ နိုင်ငံတွေလိုပါပဲ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှု မညီမမျှဖြစ်နေတဲ့ အခြေအနေဟာ တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်စေနိုင်တယ်လို့ အေဒီဘီအဖွဲ့ ရဲ့ ဒုတိယဥက္ကဋ္ဌ Stephen Groff က မြန်မာနိုင်ငံကို လည်ပတ်အပြီး အပြန်မှာ အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

ချင်း ၊ ရခိုင် နဲ့ ရှမ်းပြည်နယ်တွေမှာ ရင်ဆိုင်နေရတဲ့ အလုပ်လက်မဲ့ ပြဿနာ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ အထွက်နည်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု အများဆုံး လို့ အေဒီဘီက သတ်မှတ်ထားပါတယ်။

စိုက်ပျိုးရေး ကဏ္ဍမှာ အထွက်တိုးအောင် ရင်းနှီးမြုပ်နှံတွေ များလာအောင် ဆောင်ရွက်နိုင်မယ် ပြည်တွင်း ပြည်ပ ဈေးကွက်တွေကို တိုးပေါက်အောင် ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ဆင်းရဲမွဲတေမှု လျှော့ချပေးနိုင်မယ့် အနေအထား ရှိနေပါသေးတယ်လို့လည်း အေဒီဘီ အကြီးအကဲက ပြောခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး အခြေအနေကို ၀န်ကြီး ဦးအောင်မင်း ရှင်းလင်း

Written by ရွှေဟင်္သာသတင်းဌာန

ကချင် လွတ်လပ်ရေး တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေး အောင်မြင် လိမ့်မည်ဟု ယနေ့ မွန်းလွှဲ (၁၂) နာရီတွင် နေပြည်တော် စက်မှုဝန်ကြီး ဌာန၌ ကျင်းပသော သတင်း မီဒီယာ တွေ့ဆုံပွဲတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြား ခဲ့ပါသည်။

“ကေအိုင်အေ နဲ့ကတော့ ပစ်ခတ်နေကြတာ တနှစ်ကျော် နေပြီးလေ။ အခု ဆွေးနွေးနေပြီး ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးတော့ ရတော့မှာပါ။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်လာရင် အဲဒီအတွက် စစ်ဆေးနိုင်မဲ့ စစ်မြေပြင် လေ့လာ စောင့်ကြည်ရေး အဖွဲ့ကိုလည်း ဖွဲ့စည်းသွားမယ် ” ဟု ဦးအောင်မင်းက ပြောပါသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့သည်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ရာနှုန်းပြည့် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် မတိုင်မှီ၌ ငြိမ်းချမ်းရေး ညီလာခံ တရပ်ကိုလည်း ကျင်းပ သွားမည် ဖြစ်သည်ဟု ဆိုပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပြီး၊ အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖေါ်နိုင်ပြီး နောက်ပိုင်း (၁၁) လတာ ကာလတွင် ကယား ပြည်နယ်၌ တိုက်ပွဲတစ်ကြိမ်သာ ဖြစ်ခဲ့ပြီး ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်မှာမူ ဖြစ်ပွားမှု မရှိခဲ့ကြောင်း ကချင်ပြည်နယ်၌ လည်း ၅၀ ရာခိုင်နှုန်းခန့် တိုက်ပွဲများ လျှော့ကျ နေပြီးဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီက သတင်း ထုတ်ပြန်သည်။
http://www.phophtaw.org/burmese/index.php/news/local-news/1802-2012-07-01-10-58-00.html

KKO/DKBA မှ တာအူထရွာတွင် ဆေးပေးခန်းပွင့်ပွဲကျင်းပပြီးစီး





ဓါတ်ပုံ - KKO

မရေရာဘူး

မရေရာဘူး.... မသေချာဘူး...



တိုးတိုးလေးကြားတယ်.. အသံများဟာ ကြေကွဲလို့ ...
တိတ်တိတ် ဆိတ်ဆိတ်နဲ့  သိနားလည် ငိုကြွေးလို့ ....
မရေရာဘူး..... မသေချာဘူး.... မပြီးဆုံးဘူး....



မသေချာဘူး.. မရေရာဘူး... မမြဲသေးဘူး..


မထင်နိုင်ဘူး.. မမြင်နိုင်ဘူး.. ဘာမှမရှိဘူး...
ရပ်တန့် လို့ မရဘူး... ရပ်တန့် လို့ မရဘူး... (လေးဖြူ)


ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာဟုမူးယစ်ဆေးဝါး စောင့် ကြည့်ရေးအဖွဲ့ပြော

ဇွန် ၂၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ်


အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနည်းလမ်း မှန်ကန်မှုမရှိသည့်အတွက် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတချို့တွင် ဘိန်းစိုက်ပျိုးမှု ပိုများလာသည်ဟု ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ပြောကြားလိုက်သည်။

ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်နေတယ်ဆိုပေမယ့်လည်း ကျနော်တို့ ရှမ်းပြည်နယ်အပါအဝင် တခြား ချင်း၊ ကချင်၊ ကယားစတဲ့ဒေသတွေက ဘိန်းစိုက်ပျိုးမှုတွေ ပိုများလာနေတယ်။ သူတို့ (အစိုးရ) လုပ်နေတဲ့ နည်းလမ်းတွေက မှန်ကန်မှုမရှိလို့ ဒီလိုဖြစ်တာပေါ့” ဟု ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅ မြို့နယ်အနက် ၄၉ မြို့နယ်အတွင်းတွင် ဘိန်းစိုက်ပျိုးမှု ပိုများလာသည်ဟု ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

အစိုးရအနေဖြင့် တိုင်းရင်းသားဒေသအတွင်းရှိ မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းရာတွင် ထိုဒေသရှိ နိုင်ငံရေးပြဿနာများကို အရင်ဖြေရှင်းပြီးမှသာ ဆောင်ရွက်သင့်သည်ဟု ဦးခွန်ဆိုင်းက ဆက်ပြောသည်။

၎င်းက “နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းဖို့ဆိုရင် အစိုးရအနေနဲ့ အရင်ဦးဆုံး နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းသင့်တယ်။ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှပဲ မူးယစ်ဆေးဝါးပြဿနာတွေကိုလည်း ဖြေရှင်းလို့ရမယ်”ဟုပြောသည်။

ရှမ်းပြည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ၂၀၀၇ ခုနှစ်မှစပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍အစီရင်ခံစာများ ထုတ်ဝေခဲ့ရာ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင် ခေတ်အဆက်ဆက်က ဘိန်းဘုရင်များ၏ လုပ်ဆောင်မှုများနှင့် မကြာခင်က ရွှေတြိဂံနယ်မြေအတွင်း မူးယစ်ရာဇာ နော်ခမ်းအား လာအို အစိုးရအာဏာပိုင်တို့၏ ဖမ်းဆီးခံမှုအကြောင်းများ ပါရှိသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်ထိ သတ်မှတ်ကာ ယခုနှစ် တတိယ ၅ နှစ်စီမံကိန်း၏ တတိယနှစ်သို့ ရောက်ရှိနေပြီးဖြစ်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

http://www.kicnews.org/?p=12157

ရခိုင်ငြိမ်းချမ်းရေးအဖွဲ့ အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

ဇွန်လ ၂၆ရက်။ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ်(ကေအိုင်စီ)

နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်နှင့်အတူရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ဖိတ်ကြားမှုကြောင့် ရန်ကုန်ရှိရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသောရခိုင်ငြိမ်းချမ်းရေးအဖွဲ့သည်ယနေ့မွန်းလွဲ ၂နာရီတွင်စစ်တွေမြို့ ပရကရုံး၌ ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဦးလှမောင်တင့်ပါဝင်သော အစိုးရအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ထိုဆွေးနွေးပွဲသို့ စစ်တွေမြို့ခံလူထု ၂၀၀နီးပါး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ တောင်းဆိုသည့် စစ်တွေဈေးကြီးအမြန်ဆုံးဖွင့်လှစ်နိုင်ရန်အပြင် ပြည်သူများ၏ လုံခြုံရေးကာကွယ်ပေးရန်၊ ပြည်သူ့စစ်ဖွဲ့ပေးရန်နှင့်ရခိုင်နှင့် ဘဂါင်္လီများအားနေရာခွဲခြားထားရှိရန် စသည့်အချက် ၄ချက်ကို သဘောတူညီမှု ရရှိခဲ့သည်ဟုအဖွဲ့မှပြောခွင့်ရှိသူအရှင်ကုမာရ က ကေအိုင်စီကိုပြောသည်။

“အချက်တွေ ကိုတင်ပြတောင်းဆိုတဲ့အခါ စစ်တွေဈေးကြီးကိုနောက် ၄ရက်မှာပြန်ဖွင့်နိုင်ဖို့ရခဲ့ပါတယ်။ အချက်တွေအားလုံးကိုလက်ခံလုပ်ဆောင်ပေးသွားမှာပါ။မနက်ဖြန်မှာရသေ့တောင်ကိုသွားပြီးဒေသခံအာဏာပိုင်တွေနဲ့တွေ့မယ်။ မြို့မိမြို့ဖတွေနဲ့လည်းဆုံပြီးဘာဖြစ်ချင်လဲဆိုတာမေးပါမယ်။ ပြီးရင်ညှိနှိုင်း ပြီးလုပ်ဆောင်ပေးပါမယ်” ဟုအရှင်ကုမာရ က ဆက်လက်ရှင်းပြသည်။

“နေစရာရပ်ကွက်ကိုသီးခြားခွဲပေးဖို့အပြင် ဈေးကိုလည်းသီးခြားရောင်းဖို့အတွက် ကျမတို့မြို့ခံတွေ ကတောင်းဆိုကြတာပါ။ အခုလို ပြည်နယ်အစိုးရကလိုက်လျောခွင့်ပြုချက်ရတော့ ၀မ်းသာ ကျေးဇူးတင်ပါတယ်” ဟုလည်းဒေသခံဈေးသူတစ်ဦးကဆိုသည်။

ထိုအပြင် အဖွဲ့ဝင်များသည် ရခိုင်တိုင်းရင်းသားများအားအားပေးရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ်အတွင်းသို့ လာရောက်ကြရခြင်းဖြစ်သည်ဟုလည်းသိရသည်။

ထိုရခိုင်ငြိမ်းချမ်းရေးအဖွဲ့သည်လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောအကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေသောလူထုများကိုအားပေးရန်နှင့် လိုအပ်သည်များကိုကူညီပေးရန်အတွက် ရည်ရွယ်ပြီး ပြီးခဲ့သောရက်သတ္တပတ်ကဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ဒေါက်တာ ဘန္တတ အရိယ၀ံသ၊ ဒေါက်တာအေးထွန်း (မျက်စိအထူးကုဆရာဝန်-ငြိမ်း)၊ပြည်ထောင်စုပညာရေးဝန်ကြီး ဦးဘရွှေအပါဝင် အဖွဲ့ဝင် ၁၀ဦးကျော်ရှိသည်ဟု သိရသည်။


http://www.kicnews.org/?p=12155

ငြိမ်းချမ်းရေးသဘောတူထားမှုများကို KNU နှင့်ဦးအောင်မင်းအဖွဲ့ ပြန်ဆွေးနွေး

ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

နှစ်ဖက် ငြိမ်းချမ်းရေးသဘော တူညီချက်များကို ပြန်လည်ဆွေးနွေးသည့် အနေဖြင့် ကရင်အမျိုးသားအစည်း အရုံး-KNU နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့တို့သည်ထိုင်းနိုင်ငံ မဲဆောက်မြို့ Wattana Village Resort ဟိုတယ်၌ ယနေ့ညနေ ၃နာရီခန့်မှ ၅နာရီအထိ တွေ့ဆုံခဲ့သည်။

ယနေ့တွေ့ဆုံ ဆွေးနွေးပွဲတွင် KNU ဘက်မှ အဖွဲ့ဝင် ၆ဦးပါဝင်သည့် အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့နှင့် အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် ၉ဦး အဖွဲ့တို့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့ ဆွေးနွေးတာကတော့ ပြီးခဲ့တဲ့ အစိုးရနဲ့ ဆွေးနွေးထားတာ တွေ၊ သဘောတူညီဖြတ်ထားတဲ့အပေါ် ပြန်ပြောဆိုကြပြီး ရှေ့ဆက်ဘာတွေ လုပ်မလဲပေါ့။ နောက် ကျမတို့ KNU ရဲ့ လုပ်ငန်းစဉ် အပြောင်းအလဲတွေ သူတို့ကို အသိပေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ အစိုးရနှင့် သဘောတူ လက်မှတ်ထိုးပြီးနောက် ဖွင့်လှစ်ထားသည့် KNU ရုံးများကိစ္စနှင့် ပတ်သက် ၍ သုံးသပ်ခြင်း၊ လက်ရှိ ပြည်သူလူထုများက တောင်းဆိုထားသည့် မြေယာသိမ်းဆည်းမှု ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။

မီးရထားဝန်ကြီး ဦးအောင်မင်းကလည်း “KNU ဒေသအတွင်း လူထုတွေ အခက်အခဲ တစုံတရာ ဖြစ်လာရင် ဆက်ဆံရေးကနေတဆင့် သွားတိုင်နိုင်တယ်။ ဆက်ဆံရုံးမှာ ဆွေးနွေးနိုင်တယ်။”ဟု ဆွေးနွေးပြောဆိုခဲ့သည်။

ဧပြီလ ၆ရက်နေ့က နော်စီဖိုးရာစိန်ဦးဆောင်သည့်ကေအဲန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်မြန်မာအစိုးရဘက်မှမီးရထားဝန်ကြီး ဦးဆောင်သည့် အဖွဲ့တို့သည်ရန်ကုန်မြို့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးကြကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့်နှစ်ဖက် သဘောတူလက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ဆွေးနွေးပွဲတွင် စစ်ရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် ပြောဆိုဆွေးနွေးမှုများ မရှိခဲ့ကြောင်း၊ တိကျသည့် ဆုံးဖြတ်ချက်များ မရှိခဲ့ကြောင်းနှင့် နောက် တွေ့ဆုံကြမည့် သတ်မှတ်ရက်များ မရှိသေးကြောင်း KNU က ပြောသည်။

သို့သော် ဆွေးနွေးပွဲကြောင့် KNU နှင့် မြန်မာအစိုးရအကြား ဆက်ဆံရေးများ ဆက်လက်ခိုင်မြဲသလို မရှင်းလင်း သည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဖလှယ်ခဲ့သည့်အပေါ် ဆက်ရှေ့လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် အကျိုးရှိသည်ဟု နော်စီဖိုးရာစိန်က ပြောသည်။

http://www.kicnews.org/?p=12148

လက်ရှိနိုင်ငံရေး အခြေအနေအပေါ် NMSP ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေး

ဇွန်၂၆၊၂၀၁၂ခုနှစ်။ နန်းယဉ်(အလွတ်သတင်းထောက်)

လက်ရှိမြန်မာအစိုးရသစ်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့်ပတ်သက်ပြီး မွန်ပြည်သူလူထုတို့၏ ဆန္ဒသဘောထားကို သိရှိရန်မွန်ပြည်သစ်ပါတီ-NMSP က တွေ့ဆုံပွဲများကျင်းပလျှက်ရှိသည်။

ယခုရက်သတ္တပတ်အတွင်း မွန်ပြည်သစ်ပါတီအနေဖြင့် အပစ်အခတ်ရပ်စဲရေး အပါအဝင်လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ပြည်တွင်း၊ နယ်စပ်နှင့် ထိုင်းနိုင်ငံရှိမွန်ပြည်သူလူထုတို့နှင့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပခဲ့ပြီး အကြံဉာဏ်များတောင်းခံလျှက်ရှိသည်။

“ကျနော်တို့အဓိကလက်ရှိနိုင်ငံရေး အခြေအနေကိုရှင်းပြပြီးတော့ သူတို့ (ပြည်သူ)တွေဆီက အကြံဉာဏ်တောင်းခံတယ်။ အခုလိုတွေ့ဆုံတာကို ပြည်သူတွေကလည်းကြိုဆိုတယ်။ အကြံဥာဏ်တွေလည်းပေးကြပါတယ်။ ကျနော်တို့အတွက်လည်းအားရစရာရှိပါတယ်။” ဟုNMSPအထွေထွေ အတွင်းရေးမှူးနိုင်ဟံသာကပြောသည်။

ထို့အပြင် လက်ရှိအစိုးရသည် အပစ်ခတ်ရပ်စဲရေးဆွေးနွေးနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်တို့လိုလားသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်လိုသည့်အနေအထားမျိုး မရှိကြောင်းလည်းလူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် နိုင်ဟံသာကပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့်NMSP ၏ ဆွေးနွေးပွဲတရပ်တွင် တက်ရောက်ခဲ့သူတဦးက “မွန်ပြည်သစ်ပါတီက လက်ရှိအစိုးရနဲ့တွေ့ဆုံခဲ့တဲ့အပေါ် လူထုတွေကိုရှင်းပြတယ်။ လူထုတွေဘက်ကလည်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေတာကိုကြိုဆိုပါတယ်။ ဒါပေမယ့်တဘက်မှာလည်း သတိရှိဖို့တော့လိုတယ်ဆိုတာကို တော့အကြံပြုဆွေးနွေးကြတာပဲ”ဟု ပြောသည်။

NMSP ၏ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် နယ်စပ်ဒေသ တလျှောက်တွင်ပြုလုပ်လျှက်ရှိသည်။

ဖေဖော်ဝါရီလ၂၅ရက်နေ့က မွန်ပြည်သစ်ပါတီသည် ပြည်ထောင်စုအဆင့် အစိုးရငြိမ်းချမ်းရေးကိုယ်စား လှယ်တို့သည်အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး၊ ၄၅ရက်အတွင်း နိုင်ငံရေးဆွေးနွေးပေးရန် မွန်ပြည်သစ်ကတောင်းဆိုထားခဲ့သော်လည်း တပ်တည်နေရာချထားရေး၊ ဆက်ဆံရေးရုံးဖွင့်လှစ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးမှလွဲပြီး ယနေ့အထိနိုင်ငံရေးတွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ၂၀၁၀ခုနှစ်တွင်အစိုးရ၏ နယ်ခြားစောင့်တပ်ပြောင်းလဲရေးကို လက်မခံသည့်အတွက် အပစ်ခတ်ရပ်စဲရေးပြန်လည်ပျက်ပြယ်သွားကာ ၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလတွင် အပစ်ခတ်ရပ်စဲရေးပြန်လည် သဘောတူခဲ့သည်။

http://www.kicnews.org/?p=12136

ကူညီထောက်ပံ့မှုလျှော့ကျ၍ ဘော်ဒါနေရွှေ့ ပြောင်း မြန်မာကျောင်းသူကျောင်းသားများ အခက်ကြုံ

ဇွန်လ၂၆ရက်။၂၀၁၂ခုနှစ်။နန်းသူးလေ(ကေအိုင်စီ)


ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်မဲဆောက်မြို့ရှိရွေ့ပြောင်းမြန်မာကျောင်း များတွင် ဘော်ဒါနေကျောင်းသူ ကျောင်းသားများ အတွက်အလှူရှင်များ၏ ကူညီထောက်ပံ့မှုများ လျှော့ချလိုက်သဖြင့် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်းသိရသည်။

မဲဆောက်မြို့ရှိ Children Development Centre (CDC)ကျောင်း၏ဒုကျောင်းအုပ်ဆရာနေမျိုးအေးက “အလှူရှင်တွေကအကူညီတွေ ၂၀ရာခိုင်နှုန်းလောက်လျှော့ချလိုက်တော့ ကလေးတွေအတော်ဒုက္ခရောက်တယ်။ အစားအသောက်အပိုင်းတွေ၊ အခြားဘော်ဒါအတွက် ကုန်ကျမှုတွေရာ ရနိုင်တာလေးတွေနဲ့မျှသုံးနေတာပေါ့။” ဟုပြောသည်။

ထို့အတူSAWရွေ့ပြောင်းမြန်မာစာသင်ကျောင်း ကဘော်ဒါအုပ်ကိုမျိုးကိုကလည်း “အစားအစာတွေကအရင်လိုမကျွေးနိုင်တော့ဘူးလေ။ ပိုက်ဆံကမလောက်တော့အသားအငါးတွေမ၀ယ်နိုင်တော့ဘူး။ ဟင်းသီးဟင်းရွက်တွေပဲအစားထိုးဝယ်ပြီးကလေးတွေကိုကျွေးနေရပါတယ်။”ဟုပြောသည်။

မူလတန်းမှ၁၂တန်းထိရှိသော CDC ကျောင်းတွင်ဘော်ဒါနေကျောင်းသူကျောင်းသားပေါင်း၅၀၀ကျော်ရှိပြီးမူလတန်းမှ၁၀အထိရှိသော Saw ကျောင်းတွင်မူဘော်ဒါနေကျောင်းသူကျောင်းသား၆၂ဦးရှိသည်ဟု သိရသည်။

တဆက်တည်း၌ပင်ဘော်ဒါနေကျောင်းသူကျောင်သား ၂၀၀ဦးရှိသည့်ခွဲကဘောင်ကျောင်းမှဘော်ဒါဆောင်သည် လည်းလာမည့်ဇွန်လိုင်လမှစ၍အကူအညီရရှိရန် မသေချာတော့ကြောင်းကျောင်းအုပ်ဆရာအဲကျော်အဲကကေအိုင်စီကိုပြောသည်။

သူက “၇လပိုင်း(ဇူလိုင်)မှစပြီးတော့အကူအညီရရှိဖို့မကြိမ်းသေတော့ဘူး။ အဲဒီအတွက်ဒီ၇လပိုင်းမှာကျနော်တို့၆လကရတဲ့အကူအညီနဲ့ပဲမျှသုံးရမယ်။ ကလေးတွေဘော်ဒါမှာနေပြီးကျောင်းတက်နိုင်ဖို့ကကျနော်တို့ဆရာမကြီးစီသီယာမောင်နဲ့တိုင်ပင်ပြီးနည်းလမ်းရှာသွားမယ်။”ဟုပြောသည်။

အလှူရှင်များက မြန်မာနိုင်ငံတွင်ပြုပြင်ပြောင်းလဲနေပြီဟု ဆိုကာပြည်တွင်းသို့ အကူအညီများရောက်နေကြသလို၊ ပြောင်းလဲမှုမရှိသေးဘဲရပ်တည်နေသေးသည့် နယ်စပ်ရှိရွေ့ပြောင်းကျောင်းများကိုလည်းကူညီပေးရန်လိုအပ်နေသေးကြောင်းCDC ဒုကျောင်းအုပ်ဆရာနေမျိုးအေးကဖြည့်စွက်ပြောဆိုသည်။

ထိုင်းနိုင်ငံတွင်ဝင်ရောက်လာသည့် International Non-Government Organization-INGO
၏အထောက်အပံ့များဖြင့် လွန်ခဲ့သည့်၁ဝနှစ်ကျော်ကရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းများစတင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းပညာရေးဌာနက တရားဝင်စာသင်ကျောင်း အဖြစ်ရပ်တည်ခွင့်မပြုဘဲသင်ကြားရေးဌာန (Learning Center)အဖြစ်ခွင့်ပြုထားခြင်းဖြစ်သည်။

တာ့ခ်ခရိုင်အတွင်းတွင်မြန်မာရွှေ့ပြောင်းကျောင်း၇၄ကျောင်းရှိကာအထက်တန်းကျာင်း၊ အလယ်တန်းကျောင်း၊မူလတန်းကျောင်း၊ မူကြိုကျောင်းအပြင်အထက်တန်းလွန်ကျောင်း၅ကျောင်းနှင့်အသက်မွေးဝမ်းကျောင်းတစ်ကျောင်းရှိသည်။

ယင်းကဲ့သို့ပင်၂၀၁၂-၂၀၁၃ပညာသင်နှစ်အတွက်လက်ရှိ စာရင်းအရကျောင်းနေသည့် ကလေးအရေအတွက်မှာ၁၃,၀၀၀(တစ်သောင်းသုံးထောင်) ဝန်းကျင်ရှိပြီးဆရာ၊ ဆရာမဦးရေ၇၅၀ခန့်ရှိသည် ဟုမြန်မာရွှေ့ပြောင်းပညာရေးကော်တီက ထုတ်ဖော်ပြောဆိုထားသည်။

http://www.kicnews.org/?p=12127

တောထဲသို့ အင်ဥ ထွက်ရှာသည့် အီတိုးထာ့ IDP တစ်ဦး ပစ်သတ်ခံရ

ဇွန်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်(IDP)စခန်းမှ အသက် (၄၈)နှစ်အရွယ် စောကရီးမူးဆိုသူသည် တောထဲသို့ အင်ဥ(မှို) သွားရှာစားနေစဉ်မြန်မာအစိုးရတပ် (ခလရ-၁၉)၏ကိုကြာ့ခို့စခန်းအခြစိုက်ကန့်သတ် နယ်မြေအတွင်းတွင် ဇွန်လ(၁၃)ရက်နေ့က ပစ်သတ်ခြင်းခံခဲ့ရသည်ဟု အီတိုးထာ့ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် အီတိုးထာ့၏ မြောက်ဘက်မှာ ခြေလျင်ဖြင့် တစ်နာရီကျော် ခရီးရှိပြီးခလရ-၁၉အခြေစိုက်တပ်စခန်းနှင့် ကိုက် ၁၀၀ ကျော်အကွာတွင်တည်ရှိသည်ဟု ပြည်တွင်းကရင်ဒုက္ခသည်များကို ကူညီပေးနေသည့် (Karen Office Relief Development-KORD)အဖွဲ့မှ တာဝန်ခံ စောမောလောက ကေအိုင်စီသို့ ပြောသည်။

သူက “သူပစ်သတ်ခံရတဲ့ နေရာက မြန်မာတပ်စခန်းနဲ့ တော်တော်နီးတယ်။ ကန့်သတ်နယ်မြေဆိုတော့ ပစ်လိုက်တယ်တဲ့ သဘောပဲ။ ဒီလူက အရပ်ဝတ်နဲ့ဆိုတော့ အဝေးကနေ မြင်ရင်တော အရပ်သားဆိုတာ သိနိုင်တယ်။ အခုက အဝေးကနေ ပစ်ထိပြီး အနီးကပ် ထပ်ပစ်တဲ့အသွင် တွေ့ရတယ်။ ဘယ်ဘက် မျက်လုံးတဖက် မရှိတော့ဘူး။”ဟု ပြောသည်။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့၏ အပစ်အခတ်ရပ်စဲရေးကာလတွင် အီတိုးထာ့ စခန်းရှိ လူများက ဝေးလံသည့် တောထဲသို့ သွားသော်လည်း အန္တရာယ်ကြီးကြီးမားမား ရှိမည်ဟု မယူဆဘဲ အင်ဥများ ပေါက်နေသည့်ယခုလို မိုးရာသီတွင် ထိုကဲ့သို့ အင်ဥများ ရှာထွက်ခြင်းဖြစ်သည်ဟုသိရသည်။

“အဲဒီနေ့ အင်ဥရှာထွက်တာ စောကရီးမူးနဲ့ အဖော်နှစ်ယောက်ပါ။ အင်ဥတွေ ပိုရချင်တဲ့ဇောနဲ့ အဖော်နှစ်ယောက်ရဲ့ အရှေ့မှာသွားတော့ အပစ်ခံရတာပဲ။ ပြီးတော့ သူတို့သုံးယောက်ရဲ့အနောက်မှာ အမျိုးသမီးတဖွဲ့ရှိသေးတယ်။ သေနတ်သံကြားတော့ အားလုံး ထွက်ပြေးသွားကြတယ်။”ဟု အီတိုးထာ့ ဒုက္ခသည်တဦး၏ စကားကို ကိုးကား၍ စောမောလောက ဖြည့်စွက်ပြောဆိုသည်။

အီတိုးထာ့စခန်းရှိ လုံခြုံရေးတာဝန်ရှိသူများက ပစ်သတ်ခံရသူ စောကရီးမူး၏ ရုပ်အလောင်းကို ဇွန်လ ၁၄ရက်နေ့တွင် ရှာတွေ့ပြီး ၎င်းပစ်သတ်ခံရသည့်နေရာ တောထဲ၌ပင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။

ပစ်သတ်ခြင်းခံရသည့် စောကရီးမူးသည် ဇနီးအပါအ၀င် ကျန်ရစ်သူ မိသားစု ၇ဦးရှိသည်ဟု သိရသည်။
http://www.kicnews.org/?p=12106

ဒေါက်တာစင်သီယာမောင်နှင့် ဦးအောင်မင်း တွေ့ဆုံ

ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းတို့က ထိုင်းနိုင်ငံ မဲဆောက်မြို့၊Wattana Village Resort ဟိုတယ်တွင် ယနေ့ နေ့လည် ၁၂နာရီ၌ တွေ့ဆုံခဲ့သည်။

နာရီဝက်ကြာ တွေ့ဆုံခဲ့သည့် အဆိုပါ တွေ့ဆုံပွဲတွင် နယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စ များကို ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သင့်သည်များကို အစိုးရ ကိုယ်စားလှယ်ဘက်မှ ဦးအောင်မင်းနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဒေါက်တာစင်သီယာမောင်ဘက်မှ ဆရာမ နော်ထူး၊ ဆရာ စောချစ်ဝင်းနှင့် CDC ကျောင်းအုပ် မန်းရွှေနှင်းတို့က ပါဝင်ဆွေးနွေးခဲ့သည်။

ဒေါက်တာစင်သီယာမောင်က “ဦးအောင်မင်းကို နယ်စပ်မှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကလေးအခွင့်အရေးအဖွဲ့အစည်းတွေရဲ့ လက်ရှိလုပ်ငန်းတွေကို ကျမတို့ တင်ပြတယ်။ လာမယ့်အခြေအနေမှာ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးအခြေခံအဖွဲ့တွေနဲ့ ပြည်တွင်းထဲမှာ ရှိတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်နိုင်အောင် ဆက်ပြီး ဆွေးနွေးသွားမယ်။”ဟု သတင်းထာက်များကို ပြောသွားခဲ့သည်။

တွေ့ဆုံမှုကြောင့် ဦးအောင်မင်းအနေဖြင့် လက်ရှိ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ လုပ်ငန်းများကို ပိုမို သဘောပေါက်သွားပြီဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် အစိုးရ ကိုယ်စားလှယ်တွေ ထပ်လွှတ်ပေးမည်ဟု ပြောသွားကြောင်း ဒေါက်တာစင်သီယာမောင်က ဆိုသည်။

မီးရထားဝန်ကြီး ဦးအောင်မင်းက “ဆရာမကြီး(ဒေါက်တာစင်သီယာမောင်)လိုအပ်တဲ့ အကူအညီတွေကို ကူညီမယ်။ သမ္မတကြီးကလည်း ကူညီဖို့ လွှတ်လိုက်တာပဲလေ။ ပြီးတော့ ဆရာမကြီးကို ကူညီနိုင်ဖို့ လူမှုရေးနဲ့ ကျန်းမာရေးအလုပ်ကို လုပ်နေတဲ့ ကျနော့်ဇနီးနဲ့ ဦးခင်ရီဇနီးလွှတ်ပေးဖို့ ရှိတယ်။ ဆရာကြီးရဲ့ ဆေးခန်းကိုလည်း တရားဝင်ဖြစ်အောင် ကြိုးပမ်းပေးမယ်။”ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများအတွက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဒေသတွင် ကြီးမားခက်ခဲသည့် အလုပ်များကို လုပ်ဆောင်နေသည့် ဒေါက်တာစင်သီယာမောင်အား ကျေးဇူးတင်ကြောင်းနှင့် လိုအပ်သည့် အကူအညီများကို စာဖြင့် ရေးကာ သမ္မတ ဦးသိန်းစိန်ထံသို့ ယူသွားပေးမည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

လာမည့် ဇွန်လ ၂၇ရက်နေ့ နံနက် ၆နာရီခွဲတွင် ဦးအောင်မင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မဲဆောက်ရှိ မယ်တော်ဆေးခန်းတွင် ဒေါက်တာစင်သီယာမောင်အား ထပ်မံ၍ သွားရောက်တွေ့ဆုံဦးမည်ဟုသိရသည်။

ယနေ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့်အဖွဲ့သည် မဲဆောက်မြို့ Wattana Village Resort ဟိုတယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

http://www.kicnews.org/?p=12119

ကွန်ပျုတာသမိုင်း အကျဉ်း

ကွန်ပျုတာ

တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင် သချာင်္တွက်စက်ဖြစ်ပါသည်။ တနည်းအားဖြင့်၎င်းမှာ လျှပ်စစ်စွမ်းအားနှင့် သချာင်္ ပညာရပ်များအား အသုံးပြု၍ လုပ်ငန်းရပ်များအား အဆင်ပြေချော မွှေ့လွယ်ကူစေရန် ဖန်တီးယူထားသည့် စက်အမျိုးအစား တခုဖြစ်ပါသည်။ မှတ်တမ်းများ သိမ်းဆည်းခြင်း (Datastorage)၊ ပြန်လည် ခေါ်ယူခြင်း (Retrive)၊ အစီအစဉ်များ ထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်း(l/O Device)၊ စဉ်းစား တွက်ချက်ပေးခြင်း (Calculate) တို့အား လုပ်ငန်းစဉ်များ အလိုက်အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။

ကွန်ပျုတာအား တီထွင်ရန် စတင်စဉ်စားခဲ့စဉ် ထဲကပင် လုပ်ငန်းရပ်အသီးသီး၌ အသုံးပြုနိုင်ရန် ရည်ရွယ်၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍ တည်ဆောက်ပုံနှစ်မျိုး ရှိခဲ့ပါသည်။ (Analog Computer)သည် လျှပ်စစ်စွမ်းအားရရှိမှုပမာဏ အနည်းအများပေါ် မူတည်၍ အနီးစပ်ဆုံး ဖော်ပြပေးခြင်းဖြင့် လုပ်ဆောင်ပါသည်။ (Digital Computer)သည် လျှပ်စစ်စွမ်းအား အတိအကျ ရရှိမှုအပေါ် မူတည်၍ လုပ်ဆောင်ပါသည်။


ကွန်ပျုတာ မတိုင်မှီ ခေတ်

၁၆ ရာစုနှစ်နှောင်းပိုင်းမှ စတင်၍ လုပ်ငန်းရပ် အသီးသီးအား လွယ်ကူချောမွှေ့ ဆင်ပြေစေရန် ပညာရှင်များမှ[ပေသီး](abacus)အား အခြေခံ၍ အဆင့်ဆင့် စမ်းသပ်တီထွင်လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင်(John Napier)မှ သချာင်္ပညာရပ်ပိုင်းဆိုင်ရာ တွက်ချက်မှုများအား အဆင်သင့် ကြည့်ရှုနိုင်ရန် .၅ ဒဿမ ငါးနေရာအထိ အတိအကျ တွက်ယူအဖြေထုတ်ပေးထားသော အစီအစဉ် (Logarithms)အား တီထွင်ဖန်တီးခဲ့သည်။

၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင့်  ခဲသည်။(Slide Rule) ဆိုသည်မှာလျှင်မြန်စွာတွက်ချက်နိုင်ရန်အ တွက်(Logarithms) စနစ်အားအကျဉ်းချူံး စီစဉ်ထားသောသချာင်္ ပညာရပ်ပိုင်းဆိုင်ရာအသုံးချမှုများဖြစ်ပါသည်။ ၎င်းအား ယနေ့ကာလ ခေတ်ပေါ်အီလက်ထရွန်းနစ်သချာင်္တွက်စက်(Electronic Calculator) များတွင်အသုံးပြုထားပါသည်။

၁၆၂၃ တွင် William Schickard မှ သချာင်္တွက်စက်၏ အစဖြစ်သော(Mechanical Calculator) အား တီထွင် ခဲ့ပါသည်။ ပထမဦးဆုံး စက်ကိရိယာဖြင့် တွက်ချက်ခြင်း အစီအစဉ်အား ပြင်သစ်နိုင်ငံသား ဖြစ်သူသချာင်္နှင့် ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်တွင် တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။

၎င်းကိရိယာအား အလုပ်လုပ်ဆောင်နိုင်ရန်အ တွက် လက်ဖြင့် မောင်းနှင်ရသော ဂီယာ(gear)များ၊ စက်သီး (Pulley)များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ၁၆၇၂-၁၆၇၄ ခုနှစ်တွင် Gottfried Leibniz မှ ပထမဆုံး(Calculator) အား တီထွင်နိုင်ခဲ့ပါသည်။ ၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ ကြိုးပမ်းအားထုတ်မှုဖြင့် အလိုလျောက် လည်ပတ်နိုင်သော ယက်ကန်းစက်တမျိုးဖြစ်သည့် (Analytical Engine) ကို ရရှိခဲ့သည်။

၎င်းစက်မှာ အပေါက်များစွာ ပါဝင်သောကဒ်ပြား (Punched-Card) များဖြင့် ထည့်သွင်းအသုံးပြု ခဲ့သည်။ ၁၈၂၀ တွင် Charles Thomas de Colmar မှ ပထမဆုံး ပြည့်စုံသော တွက်ချက်မှု အတိုင်းအတာအား တိုးမြှင့်ပေးခဲ့ပါသည်။

၁၈၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ Charles Babbage သည် ဓါတ်ခွဲစက်(Analytical Engine) တခုပြုလုပ်ရန်အ ကြံရှိခဲ့၍ ၎င်းစက်တွင် မည်သည့် တွက်ချက်မှုမျိုးမဆို ပါဝင်ထည့်သွင်းထားသည်။ သို့ရာတွင် ၎င်းစက်အတွက် လိုအပ်သည့် ဖွဲ့စည်းပုံအား တည်ဆောက်နိုင်ရန်အတွက်မူ ယင်းအချိန်ကာလတွင် ပညာရှင်များ အနေဖြင့် များစွာမှ အခက်အခဲ ရှိခဲ့ကြပါသည်။

Charles Babbage ၏မူလစိတ်ကူးမှာယင်းစက်သည်အ ချက်အလက်ပေါင်းမြောက်များစွာအားလက်ခံနိုင်၊ထည့်သွင်းနိုင်၊အ ဖြေထုတ်နိုင်ရန်ဖြစ်ပါသည်။

၂၀ ရာစုနှစ်အ စောပိုင်းတွင် လေဟာမီးလုံး (Vacuum Tube) များအား အသုံးပြုခြင်းဖြင့် ကွန်ပျုတာ စက်မှုပညာမှ အီလက်ထရောနစ်စနစ်သို့ ကူးပြောင်းလာခဲ့ကြ၍ ဂီယာ (Gear) နှင့် စက်သီး (Pulley) တို့အား မလိုအပ်တော့ချေ။ လျှပ်စစ်ခလုတ်များမှ တူညီသော ရလဒ်အဖြေများကို ရရှိနိုင်ပြီဖြစ်ပါသည်။

ယင်းတွင်သင်္ကေတနှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြုထားပါသည်။ အချက်အလက်နှင့် ညွှန်ကြားချက်များအား(l/O) ဖြင့်အကျဉ်းချုံးထားပါသည် ၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအ ဖွင့်၊အပိတ် (On/Off) လုပ်ပေးခြင်းဖြင့်လုပ်ငန်းရပ်များအားဝန်ပိုကျုံ့လာစေပါသည်။

လေဟာမီးလုံး (Vacuum Tube) များမှာဂီယာ (Gear) နှင့် စက်သီး(Pulley)များထက် ပိုမိုတိကျစွာ အလုပ်လုပ်ဆောင်လာနိုင်ပါသည်။ Charles Babbage စဥ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀ ခုနှစ်ရောက်မှ အပြီးသတ် ဖန်တီးနိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်း၏ စဉ်းစားမှုများ အားလုံးသည် ယနေ့ခေတ်ကာလ အသုံးချနေကြသော (Programmable Computer) အဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။

၁၈၉၀ ခုနှစ်တွင် Herman Hollerith မှ အမေရိကန် သန်းခေါင်စာရင်း မှတ်တမ်းအတွက် ကဒ်ပြားများအား အပေါက်ဖောက်ခြင်းစနစ် (punched-Card System) အဖြစ် တိုးမြှင့်ပေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင်Alan Turing မှ ကွန်ပျုတာ၏ သချာင်္ပညာရပ်ပိုင်းဆိုင်ရာ သီအိုရီများအား တိုးမြှင့်ထုတ်လုပ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ(Boolean) အက္ခရာသချာင်္စနစ်အား အသုံးပြု၍ ပထမဆုံး (Binary Caculator) အဖြစ် တည်ဆောက်ခဲ့သည်။

၁၉၃၉ ခုနှစ်တွင် ပထမဆုံး[သချာင်္] နှင့် [ရူပဗေဒ] ပညာရပ်များအား လျှပ်စစ်စွမ်းအားဖြင့် အဓိက အသုံးပြုထားပြီး စက်ပိုင်းဆိုင်ရာ တွက်ချက်မှုဖြင့် အလုပ်လုပ်နိုင်သော (J V Atanasoff-Barry) ကွန်ပျုတာအား အမေရိကနိုင်ငံတွင် တီထွင်ခဲ့သည်။ ၎င်းစက်အား ပထမဆုံး လေဟာမီးလုံးတွဲများနှင့် အသုံးပြု ဖန်တီးတည်ဆောက်ထားခဲ့သည်။ ၎င်းစက်မှာ လုပ်ငန်းရပ်တခုအတွက်သာ ပုံဖော်ထားပါသည်။ သို့ရာတွင် အလွန်ရှည်လျားသော သချာင်္ပညာရပ်ပိုင်းဆိုင်ရာ ဇယားကြီးများ၏ တွက်ချက်မှုများအား တခုချင်းစီ အနီးစပ်ဆုံး တွက်ချက်နိုင်အောင် ရေးဆွဲခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျုတာ သမိုင်း

မြန်မာနိုင်ငံတွင် ကွန်ပျူတာ တက္ကသိုလ် မဆိုထားဘိ ကွန်ပျူတာဌာနပင် မရှိသေးမီက (၁၉၇၃ ခုနှစ် မတိုင်မီက) တက္ကသိုလ်တခု၏ သင်္ချာဌာနလက်အောက်တွင် တွက်ချက်ရေး ယူနစ်အဖြစ် စတင် ဖွဲ့စည်းခဲ့သည်ဟု အဆိုရှိသည်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကို ကူညီဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ စက္ကူ ကဒ်ပြားများကို စက်ဖြင့် အပေါက်ဖေါက်ပြီး သုံးရသော စနစ်ဖြစ်သည်။ နောက်ပိုင်းတွင် ပီစီမဟုတ်သေးသော ကွန်ပြူတာများ တစ်စတစ်စ ရောက်ရှိလာပြီး
ဝန်ကြီးဌာနအချို့တွင် သုံးစွဲလာသည်။

MCC အမည်ဖြင့် ကွန်ပြူတာပညာ ဆင့်ပွါးပေးသော အစုအဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပြူတာသင်တန်းကျောင်း လုံးဝမရှိဟု ဆိုသည်။ ရှေးဦးစွာ ရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့ မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အတွက် (WordStar) စာရင်းဇယားဆွဲရန် (Foomtools) စသည့် ဆော့ဖ်ဝဲများ သုံးကြရသည် ဆိုပါသည်။

နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့ကိုပါ သုံးစွဲလာနိုင်ကြောင်း သိရပါသည်။ WINDOWS OS ပေါ်လာသော အပြောင်းအလဲပြီးသည့်တိုင် မြန်မာပြည်တွင် ကွန်ပြူတာမြင်သိထိတွေ့ဖူးသူ အလွန်နည်းပါးပြီး WINDOW 95 ပေါ်ပေါက်လာပြီးမှ တစတစ ပြည်သူလူထုအတွင်း ကွန်ပြူတာ သုံးစွဲနိုင်သော အခြေအနေ ရောက်လာခဲ့ပါသည်။

သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော သင်တန်း အဖွဲ့အစည်းများလည်း ပေါ်ထွန်းလာပြီး။ ACE, KMD စသည့် အဖွဲ့အစည်းများလည်း ဆက်လက် ပေါ်ပေါက်လာကြောင်း သိရပါသည်။

ကွန်ပြူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပြူတာသမိုင်းတွင် အရေးပါသော အခန်းမှ ပါဝင်နေကာ အကျိုးပြု ပံ့ပိုးကူညီနိုင်ခဲ့ပါသည်။

ဒင်းနစ်ဝင်းသိန်း၏ အစီအစဉ်ဖြင့် အချို့အခြေခံပညာကျောင်းများအတွက် LC630 Macintosh ကွန်ပြူတာများ အကြွေးရောင်းချပေးခဲ့ရာမှ မြို့ငယ်လေးများ၏ အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် Clone PC များ ၀ယ်ယူသိမ်းဆည်း ပြသသောအလေ့၊ Multimedia classroom များ ဖွဲ့စည်းတည်ဆောက်သော ဓလေ့များ ထွန်းကားခဲ့သည် ဆိုပါသည်။

ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သော လုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့သော်လည်း အင်တာနက်ကို တိုက်ရိုက် မသုံးနိုင်သေးပဲ အင်ထရာနက်သုံးကြရသည် ဆိုပါသည်။

Dial up စနစ် ကွန်ယက်ချိတ်ဆက်ပစ္စည်းတို့မှာ ခွင့်ပြုချက်မရလျှင် သုံးစွဲခွင့်မရှိသော ကန့်သတ်ပစ္စည်း ဖြစ်ခဲ့ရပြီး နောင်အခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက် အသုံးပြုမှုအထိ ကျယ်ပြန့် လာသည်ဆိုပါသည်။

ကွန်ပြူတာဝန်ဆောင်မှုအပိုင်းတွင် စာစီစာရိုက်လုပ်ငန်းမှာ စီးပွားဖြစ်အသွင် ဦးစွာပေါ်ပေါက်လာပြီး၊ ကွန်ပြူတာဖြင့် ဇာတာဖွဲ့ပေးခြင်းစသည်တို့လည်း ပိုမိုစောစီးစွာ ပေါ်ပေါက်ဖူးသည်ဆိုပါသည်။ စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ ထိုမှတဆင့် စီဒီဗီဒီယိုအခွေကူးခြင်း/ MP3 ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း ဓါတ်ပုံအ ခွေထုတ်ခြင်း ဗီဒီယိုတည်းဖြတ်ခြင်း ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များ ဖွင်ခြင်းတို့နှင့်အတူ ဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အ ထိ ကမ္ဘာနှင့်အညီ ရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း အထိုက်အလျောက် ပေါ်ပေါက်လာပြီး ကွန်ယက်များ ချိတ်ဆက်ထိန်းသိမ်းပေးခြင်း ဆော့ဖ်ဝဲရေးသားရောင်းချခြင်း။ Webpage ဒီဇိုင်းရေးဆွဲကြော်ညာပေးခြင်း စသည့်အတတ်များလည်း တတ်ကျွမ်းလာနေပြီ ဖြစ်ပါသည်။ ဟက်ကာများလည်း ရှိသည်ဟု ကြားသိနေရပါသည်။

ကွန်ပြူတာသမိုင်း...........

ကွန်ပျူတာဆိုတာ
“ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !!

ပြောရမယ်ဆိုရင် သေချာတာတော့ “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော် လောက်တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တ “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။ အဲဒီ (Abacus) “ပေသီး”ကနေ အ ခြေခံပြီး လူတွေဟာ ဂဏန်းပေါင်းစက် တီထွင်လာနိုင်သည်အထိ ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ အဲဒီ ဂဏန်းပေါင်းစက်မှတဆင့် မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် တွက်ချက် (processing)နိုင်သော ကွန်ပျူတာတွေအထိ တီထွင်တိုးတက်လာခဲ့ပါတယ်။ ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း ကွန်ပျူတာဆိုတဲ့ ရှေးသမိုင်းကြောင်းတွေ ထပ်ရှိပါသေးတယ်။


ဒီအ ပင်ကိုဘယ်လိုစိုက်ခဲ့လဲ၊ မြေသြဇာဘယ်လိုသုံးရလဲ၊ မြေသြဇာအတွက် နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်။ အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား ပြီးတော့ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာလား စသည်ဖြင့် ပုံစံတွေနဲ့ လေ့လာမယ်ဆိုရင် ဒါက စိုက်ပျိုးရေးသမား အလုပ်ဖြစ်သွားပါပြီ။

ပိုဆိုးတာက နည်းပညာ (Technology) ဆိုတာကလည်း အချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အမြဲဖြစ်နေတဲ့အချိန်။ ဒီအချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲ အသေးစိတ်ပြန်သွားပြီး လေ့လာမယ်ဆိုရင် အကျိုးထူးလာနိုင်ဖို့ နည်းလမ်းနည်းပါတယ်။

မြောင်းကြီးကြီးခုန်ဖို့နောက်ကိုခြေ(၂)လှမ်း၊ (၃)လှမ်းလောက်လှမ်းလိုက်ပါ။ ပြီးတော့မှ အရှိန်နဲ့ ပြေးခုန်လိုက် ကိုယ်လိုချင်တဲ့ ဟိုဖက်အခြမ်းက Update Technology ကို မရောက်စရာအကြောင်း မရှိပါဘူး။


Computer History
Year/Enter
Computer History
Inventors/Inventions
Computer History
Description of Event
1936
Konrad Zuse - Z1 Computer First freely programmable computer.
1942
John Atanasoff & Clifford Berry
ABC Computer
Who was first in the computing biz is not always as easy as ABC.
1944
Howard Aiken & Grace Hopper
Harvard Mark I Computer
The Harvard Mark 1 computer.
1946
John Presper Eckert & John W. Mauchly
ENIAC 1 Computer
20,000 vacuum tubes later...
1948
Frederic Williams & Tom Kilburn
Manchester Baby Computer & The Williams Tube
Baby and the Williams Tube turn on the memories.
1947/48
John Bardeen, Walter Brattain & Wiliam Shockley
The Transistor
No, a transistor is not a computer, but this invention greatly affected the history of computers.
1951
John Presper Eckert & John W. Mauchly
UNIVAC Computer
First commercial computer & able to pick presidential winners.
1953
International Business Machines
IBM 701 EDPM Computer
IBM enters into 'The History of Computers'.
1954
John Backus & IBM
FORTRAN Computer Programming Language
The first successful high level programming language.
Stanford Research Institute, Bank of America, and General Electric
ERMA and MICR
The first bank industry computer - also MICR (magnetic ink character recognition) for reading checks.
1958
Jack Kilby & Robert Noyce
The Integrated Circuit
Otherwise known as 'The Chip'
1962
Steve Russell & MIT
Spacewar Computer Game
The first computer game invented.
1964
Douglas Engelbart
Computer Mouse & Windows
Nicknamed the mouse because the tail came out the end.
1969
ARPAnet The original Internet.
1970
Intel 1103 Computer Memory The world's first available dynamic RAM chip.
1971
Faggin, Hoff & Mazor
Intel 4004 Computer Microprocessor
The first microprocessor.
1971
Alan Shugart &IBM
The "Floppy" Disk
Nicknamed the "Floppy" for its flexibility.
1973
Robert Metcalfe & Xerox
The Ethernet Computer Networking
Networking.
1974/75
Scelbi & Mark-8 Altair & IBM 5100 Computers The first consumer computers.
1976/77
Apple I, II & TRS-80 & Commodore Pet Computers More first consumer computers.
1978
Dan Bricklin & Bob Frankston
VisiCalc Spreadsheet Software
Any product that pays for itself in two weeks is a surefire winner.
1979
Seymour Rubenstein & Rob Barnaby
WordStar Software
Word Processors.
1981
IBM
The IBM PC - Home Computer
From an "Acorn" grows a personal computer revolution
1981
Microsoft
MS-DOS Computer Operating System
From "Quick And Dirty" comes the operating system of the century.
1983
Apple Lisa Computer The first home computer with a GUI, graphical user interface.
1984
Apple Macintosh Computer The more affordable home computer with a GUI.
1985
Microsoft Windows Microsoft begins the friendly war with Apple.